Website ပေါ်ကနေ ကာတွန်းပုံပြောင်းကြည့်မယ်

0
8:35PM Yangonthar
ကိုယ့်ပုံလေးကို ကိုယ်တိုင်ပန်းချီဆွဲထားသလိုမျိုး ကာတွန်းပုံလေးနဲ့ ထားချင်ကြသူတချို့ရှိပါတယ်။
IT ထွန်းကားလာတဲ့ခေတ်ထဲမှ ကိုယ့်ပုံကို ပန်းချီဆွဲထားသလို ကာတွန်းပုံကို ပြောင်းလဲလို့ရတဲ့ Photoshop တို့၊
Cartoonize အစရှိတဲ့ ဆော့ဝဲလ် တွေလည်း အများကြီးပါ။ အခုပြောပြချင်တာက ပန်းချီအဖြစ် ကိုယ့်ပုံကို
Webpage ပေါ်ကနေ ပြောင်းလို့ရမယ့် Site ပါ။ အဲဒီ Site မှာ ကိုယ်ပြောင်းချင်တဲ့ပုံက Online ပေါ်မှာပဲ
ရှိရှိ ကိုယ့်ကွန်ပျူတာထဲမှာပဲရှိရှိ လှမ်းတင်နိုင်ပါတယ်။ ပြီးတော့ အောက်မှာပေးထားတဲ့ထဲက ဘယ်ပုံစံကို
ပြောင်းချင်တယ်ဆိုတာ တစ်ခါတည်း ရွေးချယ်ပြီး Cartoonize Now ဆိုတာကို Convert လုပ်ပေးလိုက်ရင်
ကိုယ့်ပုံက ပြောင်းလဲသွားမှာပါ။ တကယ်လို့ စမ်းကြည့်ချင်ရင်www.cartoonize.net ကိုသွားလိုက်ရုံပါပဲ။

The Voice Journal မှ ကူးယူဖော်ပြသည်။