Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း

0

Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း
==============================
မင်္ဂလာပါ..ကျွန်တော် သည်နေ့ရေးဖြစ်တဲ့ နည်းပညာအကြောင်းအရာတစ်ခုကတော့ Softwar ပိုင်းဆိုင်ရာ သိသင့်တဲ့အကြောင်းအရာလေးတစ်ရပ်ဘဲ ဖြစ်ပါတယ်.. ဒါကတော့ ကျွန်တော်တို့ ဆော့ဝဲလ်တွေ ဆိုဒ်အရမ်းကြီးနေတဲ့အခါမှာ ပြန်လည် မျှဝေဖို့ အရမ်းအခက်ခဲဖြစ်စေပါတယ် Upload တင်တဲ့နေရာမှာရော Downlaod ယူသူတွေအတွက်ပါ အခက်ခဲဖြစ်စေပါတယ်.. ဖိုင်ဆိုဒ်အရမ်းကြီးနေတဲ့အခါ အင်တာနက်လိုင်းအခြေအနေအရ ဒေါ်င်းရတာအဆင်မပြေကြပါဘူး ဒေါင်းနေရင်းလည်း တစ်ခါတရံမှာ တ၀က်တပျက်နဲ့ ပြုတ်ကျတတ်တဲ့ အခါတွေလည်းကြုံဘူးကြမှာဖြစ်ပါတယ်... ဒါကြောင့်
သည်အခက်အခဲံတွေကို အဆင်ပြေစွာ တင်ပေးနိုင်ပြီး အဆင်ပြေစွာ ဒေါင်းယူနိုင်ဖို့အတွက်
ကျွန်တော်တို့ winrar software ကိုအသုံးပြုကာ.. ဖိုင်တွေကို ခွဲခြမ်းစိတ်ဖြာကြမယ်.. ပေါင်းဆည်းကြမယ် ဆိုတဲ့ နည်းလမ်းလေးတစ်ခုကို ကျွန်တော် သိသလောက် ပြန်လည် မျှဝေခြင်ပါတယ်..
သည်နည်းလမ်းလေးကို တခြားသော နည်းပညာရှင်တွေလည်း ဘလော့ဆိုဒ်တွေပေါ်မှာ တင်ပြထားတာကို
လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်.. ဒါကတော့ နည်းပညာဆောင်းပါးအနေနဲ့ ထပ်မံမျှဝေခြင်းဖြစ်ပါတယ်။

ကျွန်နော် သည်နည်းလမ်းလေးကို 5.07 GB ရှိတဲ့ Window9 ISO အခွေလေးကို 1GB. 5ပိုင်းခွဲပြပေးမှာဖြစ်ပါတယ်ဗျာ.. အောက်မှာ ပုံလေးတွေနဲ့တစ်ကွ ရှင်းပြထားပါတယ်။
WINRAR ဆော့ဝဲလ်ကိုတော့ ကွန်ပျူတာ သုံးပြုသူတိုင်း ရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်..ဒါကြောင့်
အဲဆော့ဝဲလ်လေးကိုအခြေခံပြီး ရှင်းပြထားတာဖြစ်ပါတယ်..အောက်မှာ ဘယ်လိုခွဲကြမယ် ပေါင်းကြမယ်ဆိုတာကို လေ့လာလိုက်ပါ

အခုမိမိခွဲ ချင်တဲ့ဖိုင်လေးပေါ်မှာ ညာကလစ် ပြီးရင် Add to Archive ကို ကလစ်လိုက်ပါ။

 အနီရောင်ဝိုင်းပြထားတဲ့ နေရာမှာ ကိုယ်ခွဲမဲ့ ဖိုင်ဆိုဒ် ဘယ်လောက်ရှိလဲ ဘယ်နှစ်ပိုင်းပိုင်းမလဲ ဆိုတာကို တွက်ပြီး B,KB,MB,GB စသဖြင့်ရှိတဲ့ အတိုင်းအတာလိုက် ရွေးပေးလိုက်ပါနော် ကျနော်က 5.07 ရှိတဲ့ ISO အခွေကို 5-ပိုင်း ပိုင်းမှာဆိုတော့ Split to volumes, Size နေရာမှာ 1 ဘေးက GB  ထားပေးလိုက်ပါတယ်.. ကိုယ်ဖိုင်ဘာအမျိုးစားထားမလဲ RAR .RAR5. ZIP  ကြိုက်ရာတခုခှုမှာမှတ်ထားပေးပြီး Ok ကိုနှိပ်ပြီးဆက်သွားပါ
Pressword နဲ့ထားချင်ရင်လဲ  Set Pressword မှာထည့်ပေးလို့ရပါတယ်

ဖိုင်ဆိုဒ်အရွယ်အစား အပေါ်မူတည်ပြီး  အချိန်အနှေးအမြန် ကွာပါတယ်

 အပေါ်ကပုံလေးက 5.07 GB ရှိတဲ့ ဖိုင်ကို 1 GB ခွဲပြီးရလာတဲ့ ပုံလေးပါ။
အပိုင်းခွဲ ပြီးသာတွေ အင်တာနက်မှာ အပိုင်းပိုင်းတင်ထားတာတွေ ဖိုင်ပြန်ဆက်တဲ့အခါ နံပါတ် ( ၇ ) ပုံလေးလို  Part.1 ကိုညာကလစ်ထောက်ပြီး  Extract Here   နဲ့ ပြန်ဖြည်ယူရမှာဖြစ်ပါတယ်။ တကယ်လို့ Part.1 Part.2 အမည်မပေးထားလဲ အပိုင်းအားလုံးကိုရွေးပေးပြီး Extract Here   နဲ့ ပြန်ဖြည်လဲရပါတယ်။
ဖိုင်ခွဲ ဖိုင်ဆက်နည်းက တော့ဒီလောက်ပါဘဲ အားလုံးအဆင်ပြေ ကြပါစေဗျာ..

PDF  စာအုပ်အဖြစ် ဒေါင်းယူလိုပါက

Download  Pdf Here

ဆက်လက်ကြိုးစားနေပါအုံးမယ်..
ဘလော့ခရီးသည် ( မျှဝေသူ )





How to root Samsung Galaxy Grand 2 Root လုပ်နည်း

0
Grand 2 ကို Root ချင်လို့တောင်းဆိုထားတဲ့ဘော်ဘော်တွေအတွက်အောက်မှာ
ပုံတွေနဲ့အဆင့်ဆင့်ပြထားပါတယ်။လိုက်လုပ်ကြည့်လိုက်ပါ။အရင်ဆုံးအထက်ပါပုံမှာ
ပြထားတဲ့အတိုင်းမိမိဖုန်းကိုအရင်ပါဝါပိတ်လိုက်ပါ။ပြီးရင်ဖုန်းလုံးဝပိတ်သွားပြီဆိုတာ
နဲ့ Download Mode ကိုဝင်ဖို့အတွက် Vol Down + Home + Power ကိုတပြိုင်
တည်းနှိပ်လိုက်ပါ။ဒါဆိုရင်အောက်ကပုံအတိုင်းပေါ်လာပါမယ်။

★★ ပညာဒါနအဖြစ် အခမဲ့ ကွန်ပြူ တာသင်တန်း စတင်ပါပြီ ★★

0
ကွန်ပြူ တာနည်းပညာရပ်များနှင့်အခြား နည်းပညာအစိတ်အပိုင်းများအပါဝင် အခကြေးငွေမယူပဲ
ပညာဒါနအဖြစ်သင်ကြားပေးနေသော တည်နေရာဖြစ်သည့် - ဖလမ်ဆန်(Rama III) စာထုပထီ 49 လမ်း
အထည်ချုပ်စက်ရုံ တွင် မည်သူမဆိုလာရောက်သင်ယူနိုင်ပါသည်။လက်ရှိ လူဦးရေအယောက် (40)ကျော်
ရှိပြီး နောက်ထပ်စိတ်ဝင်စားသော သူငယ်ချင်းကလည်းအထက်ပါလိပ်စာအတိုင်းလာရောက်နိုင်ပါသည်။

★★ နည်းပညာဒါနအဖြစ် အခမဲ့ ကွန်ပြူ တာသင်တန်းဖွင့်လှစ်ခြင်း ★★

0
ကွန်ပြူ တာနဲ့ ဖုန်းပိုင်းဆိုင်ရာကိုစိတ်ဝင်စားကြတဲ့ ထိုင်းနိုင်ငံအတွင်းမှာရှိနေသောသူငယ်ချင်းတွေအတွက်
ကျွန်တော် (ရန်ကုန်သား နည်းပညာမြို့တော်) မှ ကွန်ပြူ တာကိုအခြေခံမှ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြု
နိုင်အောင် အခကြေးငွေမယူပဲ ပညာဒါနအဖြစ် မိမိတတ်သလောက် သင်ကြားပို့ချပေးမယ်ဖြစ်ပါတယ်။
ဖုန်းနှင့်ပတ်သက်လို့ ကိုင်တွယ်အသုံးပြုနည်းနှင့် ပြုပြင်နည်းတွေပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပါ
တယ်။လူဦးရေ ကန့်သက်ထားခြင်းမရှိပဲ တနေ့လျှင် မနက်ပိုင်း နှင့် ညနေပိုင်း အချိန် 2 ခုခွဲထားမည်ဖြစ်ပါ
တယ်။သင်တန်းအချိန်ပြီးလျှင် ထိုင်းစာ ရေး/ဖတ် တတ်အောင်လည်း ထိုင်းဘာသာစကားကိုလည်းထည့်
သွင်းသင်ကြားပေးသွားမည်ဖြစ်ပါတယ်။

★★ Yangonthar Software Selection v1.02 2014 (၀င်းဒိုးတင်ပြီးအသင့်သုံး) စုစည်းမှု ★★

1
ဒီကောင်လေးကတော့ဝင်းဒိုးတင်ပြီးတာနဲ့လိုအပ်တဲ့ဆော့စ်ဝဲတွေကိုရွေးချယ်ပြီးစုစည်းတင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။အရင်တုန်းကလည်းတင်ပေးဖူးပါတယ်။ဘယ်လိုဆော့စ်ဝဲတွေပါဝင်လည်းဆိုတာကိုတော့အောက်
မှာအသေးစိတ်ဖတ်ပါ။တိုက်ရိုက်အင်စတောလုပ်ရခြင်းဖြစ်ပြီးတစ်ချို့ဆော့စ်ဝဲတွေကို Full ဖြစ်စေဖို့အတွက်
Serial ကီးတွေကိုလည်းထည့်သွင်းပေးထားသည်အပြင်အင်စတောလုပ်နည်းကိုထည့်သွင်းပေးထားပါတယ်။
2014 ရဲ့နောက်ဆုံး Version တွေကိုစုစည်းထားခြင်းဖြစ်ပါတယ်။အားလုံးကြိုက်နှစ်သက်ကြမှာပါ။

★★ Yangonthar Software Selection v1.02 2014 (၀င်းဒိုးတင်ပြီးအသင့်သုံး) စုစည်းမှု ★★

1
ဒီကောင်လေးကတော့ဝင်းဒိုးတင်ပြီးတာနဲ့လိုအပ်တဲ့ဆော့စ်ဝဲတွေကိုရွေးချယ်ပြီးစုစည်းတင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။အရင်တုန်းကလည်းတင်ပေးဖူးပါတယ်။ဘယ်လိုဆော့စ်ဝဲတွေပါဝင်လည်းဆိုတာကိုတော့အောက်
မှာအသေးစိတ်ဖတ်ပါ။တိုက်ရိုက်အင်စတောလုပ်ရခြင်းဖြစ်ပြီးတစ်ချို့ဆော့စ်ဝဲတွေကို Full ဖြစ်စေဖို့အတွက်
Serial ကီးတွေကိုလည်းထည့်သွင်းပေးထားသည်အပြင်အင်စတောလုပ်နည်းကိုထည့်သွင်းပေးထားပါတယ်။
2014 ရဲ့နောက်ဆုံး Version တွေကိုစုစည်းထားခြင်းဖြစ်ပါတယ်။အားလုံးကြိုက်နှစ်သက်ကြမှာပါ။

★★ဘလော့စ်ထောင်နည်း ၊ ပိုစ့်တင်နည်း ၊ လင့်ချိတ်နည်း နှင့် တန်းကလိတ်ချိန်းနည်း (Movie Tutorial)ရုပ်သံရှင်းပြ အပိုင်း ၁ ★★

0
တောင်းဆိုထားကြတဲ့သူငယ်ချင်းတွေအတွက်ဘလော့စ်ထောင်နည်း ၊ ပိုစ့်တင်နည်း ၊ လင့်ချိတ်နည်း နှင့် တန်းကလိတ်ချိန်းနည်းအပါအ၀င် ဘလော့စ်ကုဒ်တွေကိုဘယ်လိုပြုပြင်လည်းဆိုတာ (ရုပ်/သံ)ရှင်းပြထား
ပါတယ်။စိတ်ဝင်စားရင်တော့အောက်မှာဝင်ကြည့်လိုက်ပါ။အခန်းဆက်အပိုင်းပိုင်းနှင့်လာမည်ဖြစ်ပါသော
ကြောင့်အပိုင်း ၁ ကနေစတင်ပြီးအစအဆုံးအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်။

★★ Adobe After Effect ဖြင့် Album ဒီဇိုင်းရေးဆွဲခြင်း ၊ ဖိုတိုရှော့သင်ခန်းစာ အပိုင်း( 1 ) ★★

0
ဖိုတိုရှော့သင်ခန်းစာနဲ့ပက်သက်ပြီးမတင်တာအတော်ကြာသွားပြီးအခု Adobe After Effect ဖြင့် Album ဒီဇိုင်းတွေဘယ်လိုရေးဆွဲလည်းဆိုတာအခြေခံအစကနေ Movie Tutorial လေးနဲ့ရော Effect Software နဲ့
ပါတွဲပြီးတင်ပေးလိုက်ပါ။Adobe After Effect CS3,4,5,6 တစ်ခုခုကိုတော့သူငယ်ချင်းတို့စက်မှာရှိထားရပါ
မယ်။နောက်ပိုင်းတင်ဆက်ပေးသွားမယ့်ကိုယ်ပိုင် Effect တွေဒီဇိုင်းဖော်တတ်ဖို့အတွက်ဒီလို Tutorial ကို
ကြည့်ပြီးအခြေခံတတ်ထားဖို့လိုပါတယ်။Movie Tutorial လေးကိုတော့ Youtube ကနေတိုက်ရိုက်လင့်ချိတ်
ပေးထားပါတယ်။Tutorial လေးကိုကြည့်ပြီးအောက်က Effect နဲ့ပေါင်းစပ်ကာလိုက်ပြီးလေ့ကျင်းကြည့်ပါ
လိုအပ်တာများကိုလည်းအကြံပေးခြင်း ၊ တောင်းဆိုခြင်းများပြုလုပ်နိုင်ပါတယ်။

★★ TeamViwer အသုံးပြုနည်း (ရုပ်သံနှင့်ရှင်းပြချက်) ★★

0
တောင်းဆိုထားတဲ့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ်။ဘယ်လိုအင်စတောလုပ်ရလဲဆိုတာကိုပါ
အသေးစိတ်ရှင်းပြထားတဲ့အပြင်အသုံးပြုနည်းကိုပါထပ်မံပြီးရှင်းပြပေးထားပါတယ်။ TeamViwer ကိုသုံးပြီး
File တွေကိုဘယ်လိုလွှဲပြောင်းပေးနိုင်တယ်ဆိုတာကိုပါရှင်းပြပေးထားတဲ့တွက်မသိသေးသူများပိုပြီး
အဆင်ပြေစေပါတယ်။လိုအပ်သူများအောက်မှာဒေါင်းလိုက်ပါခင်ဗျာ။

★★ Resum Download ရအောင်ဘယ်လိုလုပ်မလဲ (Movie Tutorial) ရုပ်သံနှင့်ရှင်းပြ ★★

0
ကျွန်တော်တို့ဒေါင်းလော့စ်ဆွဲတဲ့အခါမှာ 99% ရောက်တော့မှဒါမှမဟုတ် Error တက်လို့ပဲဖြစ်ဖြစ် ၊ ပိတ်
လိုက်တာပဲဖြစ်ဖြစ် ၊ ကိုယ်လိုတဲ့အချိန်မှာပြန်ပြီးရောက်တဲ့နေရာကနေဆက်ပြီးပြန်ဒေါင်းလို့ရအောင်ဘယ်လို
လုပ်ဆောင်ရမလဲဆိုတာကို (Movie Tutorial) ရုပ်သံနှင့်ရှင်းပြထားခြင်းဖြစ်ပါတယ်။မသိသေးတဲ့ Friend
တွေအတွက်တင်ပေးလိုက်ပါတယ်။လိုအပ်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ်။

★★ Resum Download ရအောင်ဘယ်လိုလုပ်မလဲ (Movie Tutorial) ရုပ်သံနှင့်ရှင်းပြ ★★

0
ကျွန်တော်တို့ဒေါင်းလော့စ်ဆွဲတဲ့အခါမှာ 99% ရောက်တော့မှဒါမှမဟုတ် Error တက်လို့ပဲဖြစ်ဖြစ် ၊ ပိတ်
လိုက်တာပဲဖြစ်ဖြစ် ၊ ကိုယ်လိုတဲ့အချိန်မှာပြန်ပြီးရောက်တဲ့နေရာကနေဆက်ပြီးပြန်ဒေါင်းလို့ရအောင်ဘယ်လို
လုပ်ဆောင်ရမလဲဆိုတာကို (Movie Tutorial) ရုပ်သံနှင့်ရှင်းပြထားခြင်းဖြစ်ပါတယ်။မသိသေးတဲ့ Friend
တွေအတွက်တင်ပေးလိုက်ပါတယ်။လိုအပ်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ်။

★★ Cyberlink Power Director ဖြင့် ကာရာအိုကေ သီချင်းဖန်တီးခြင်း ★★

1
Cyberlink Power Director နဲ့ ကာရာအိုကေသီချင်းတွေဖန်တီးမရပါဘူးလို့ဖုန်းဆက်ပြီးပြောလာတဲ့
သူငယ်ချင်းတွေအတွက်အခုတင်ပေးလိုက်တာနမူနာလေးပါ။ကမ္ဘာကြီးကရွာကြီးတစ်ရွာလိုနည်းပညာတွေ
တိုးတက်နေတဲ့ခေတ်ကြီးမှာ (မရဘူး ၊ မဖြစ်နိုင်ဘူး) ဆိုတာမရှိလောက်အောင်ပါပဲ။အခုဒီ movie လေးမှာ
Cyberlink Power Director ကိုသုံးပြီးကာရာအိုကေလုပ်ပြထားပုံလေးပါ။မကြာခင်မှာပဲအသေးစိတ်ကို
Movie Tutorial လေးနဲ့ရှင်းပြပြီးတင်ဆက်သွားပေးဖို့ရှိပါတယ်။

★★ Adobe After Effects ကိုအသုံးပြုပြီး Wedding Album ဒီဇိုင်းတွေရေးဆွဲခြင်း ★★

0
Wedding Album နှင့် Project Template ဒီဇိုင်းတွေကိုအကောင်းဆုံးရေးဆွဲနိုင်တဲ့ Adobe After Effects
ကို Full အဖြစ်မကြာခင်တင်ပေးသွားပါမယ်။ဒီဇိုင်းတွေကိုဘယ်လိုပေါင်းစပ်ပြီးလက်ရာမြောက်တဲ့ Wedding Album Project တွေဖန်းတီးမလဲဆိုတာကို Movie Tutorial လေးနဲ့ရှင်းပြပေးဖို့လုပ်ဆောင်နေပါတယ်။
Adobe After Effects ကိုအသုံးပြုပြီးဒီဇိုင်းဖော်ထားတဲ့နမူနာလေးကိုအောက်မှာစိတ်ဝင်စားရင်ဖြင့်ဝင်
ရောက်ကြည့်ရှု့နိုင်ပါတယ်။

★★ VZO မှာမြန်မာဖောင့်ထည့်သွင်းအသုံးပြုနည်းနှင့်အကောင့်ပြုလုပ်နည်း (Movie Tutorial)ရုပ်သံနှင့်ရှင်းပြ ★★

0
ဒီနေ့ရှင်းပြချင်တာကမိမိကွန်ပြူတာကနေအခြားကွန်ပြူ တာကို VZO ဖြင့် Chat လိုသူတွေအတွက်
အကောင့်ပြုလုပ်နည်းနှင့်မြန်မာလိုကောင်းစွာရေးသားမြင်နိုင်ရန်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာအသေး
စိတ် (Movie Tutorial)ရုပ်သံနှင့်ရှင်းပြထားပါသည်။စိတ်ဝင်စားသူတွေအောက်ကလင့်မှာဝင်ရောက်ကြည့်
ရှု့နိုင်ပါသည်။

Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ

0
Windows ကို password ပေးပြီး မေ့သွားတဲ့ အခါမျိုးရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ကျော်ဝင်ရောက်ဖို့ လိုတာမျိုးလည်း ကြုံရပါလိမ့်မယ်။ Windows password နဲ့ ပတ်သက်လာရင် ဖြေရှင်းနည်း ၄ မျိုးရှိပါတယ်။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း
၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း
၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

နည်းလမ်းအားလုံးကို ရေးသားဖော်ပြသွားပါမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းထဲက တစ်မျိုးကတော့ အသုံးဝင်မှာပါ။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း
Windows password မေ့တတ်သူတွေ၊ ဒါမှမဟုတ် Windows တစ်ခါတင်ပြီးရင် တော်ရုံနဲ့ ပြန်မတင်ဖြစ်တော့ပဲ စွဲစွဲမြဲမြဲ သုံးသူတွေ ရှိကြပါတယ်။ အထူးသဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပြူတာတွေမှာ password တွေပေးထားပြီး မေ့မှာစိုးရင် ဒီနည်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

Password reset disk ပြုလုပ်ခြင်း
အဆင့်(၁) – Floppy Disk (သို့မဟုတ်) USB Stick တစ်ခု ကို ကွန်ပြူတာမှာ တပ်ပေးပါ။
အဆင့်(၂) – Control Panel ကို ဖွင့်ပြီး User Accounts ကို ဆက်သွားပါ။
အဆင့်(၃) – မိမိ လက်ရှိသုံးနေတဲ့ User Account ကို နှိပ်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ညာဘက်ဘေးမှာ “Create password reset disk” နှိပ်ပါ။

အဆင့်(၄) – “Forgotten Password Wizard” ပေါ်လာပါလိမ့်မယ်။ “Next” ကို နှိပ်ပါ။
အဆင့်(၅) – တပ်ဆင်ထားတဲ့ Floppy (သို့) USB drive ကို ရွေးချယ်ပြီး “Next” ကိုနှိပ်ပါ။
အဆင့်(၆) - လက်ရှိအသုံးပြုနေတဲ့ User account ရဲ့ password ကို text box မှာ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။
အဆင့်(၇) – prograss 100% ပြည့်ပြီဆိုရင် “Next” နှိပ်၊ Completing Box မှာ “Finish” နှိပ်ပေးပြီးရင် password reset disk ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။


Password reset disk ကို အသုံးပြုခြင်း

ပြုလုပ်ထားတဲ့ password reset disk ကိုတော့ password မေ့သွားတော့မှပဲ ပြန်လည် အသုံးပြုကြမှာ ဖြစပါတယ်။ အခုမေ့သွားပြီ ဆိုပါစို့။ ပြန်သုံးကြည့်ကြရအောင်။
အဆင့်(၁) - မိမိသုံးတဲ့ ကွန်ပြူတာမှာ သုံးနေကျ user account ကို password မထည့်ပဲ log in ဝင်လိုက်ပါ။
အဆင့်(၂) – password မှားနေကြောင်းပြလာပါလိမ့်မယ်။ “Reset password” မပေါ်ပါက Enter ထပ်နှိပ်ပေးပါ။
အဆင့်(၃) – Reset password ပေါ်လာရင် အဲဒီစာကြောင်းနေရာကို နှိပ်ပါ။

အဆင့်(၅) - ကြိုတင်ပြုလုပ်ထားတဲ့ Password reset disk (Floppy (သို့) USB Drive) ကို တပ်ဆပ်ပါ။
အဆင့်(၆) – Password Reset Wizard Welcome screen မှာ “Next” နှိပ်ပေးပါ။
အဆင့်(၇) – password reset disk ပြုလုပ်ထားတဲ့ drive ကို ရွေးချယ်ပြီး “Next” နှိပ်ပါ။
အဆင့်(၈) - ယခုပြောင်းချင်တဲ့ password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပြီး “Next” နှိပ်ပါ။
အဆင့်(၉) – Finish ကို နှိပ်ပေးလိုက်ပါ။ wizard box ပိတ်သွားပါလိမ့်မယ်။ ပြောင်းထားတဲ့ password အသစ်နဲ့ log in ဝင်နိုင်ပါပြီ။

အားသာချက် = သီးခြား Software အသုံးပြုစရာ မလိုတဲ့အတွက် အသုံးပြုသူတွေကို ပိုမိုလွယ်ကူစေပါတယ်။
အားနည်းချက် = Floopy (သို့မဟုတ်) USB drive တစ်ခုခုကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း

ဒီနည်းကတော့ သုံးထားတဲ့ password ကို ပြန်မြင်ရမှာဖြစ်လို့ အတော်လေးကို အသုံးတည့်ပါတယ်။ တခြားသူရဲ့ ကွန်ပြူတာကို ပိုင်ရှင်မသိအောင် သုံးလို့ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်တာမို့ အသုံးပြုသူတိုင်း ဗဟုသုတ ရှိထားရမယ့် နည်းလမ်း ဖြစ်ပါတယ်။
Software CD Info…
>>Windows password ကို crack လုပ်ပေးပါတယ်။
>>GUI mode (ပုံမြင်ရပြီး Click နှိပ်နိုင်သော စနစ်) ဖြင့် ပြုလုပ်နိုင်သည့် Software
>>Free and open source sofrware (GPL)
>> http://ophcrack.sourceforge.net/

အသုံးပြုနည်း

အဆင့်(၁) - http://ophcrack.sourceforge.net/ မှ Download လုပ်ယူပါ။ (Windows XP နှင့် Vista/7 ဆိုပြီး နှစ်မျိုးခွဲထားပါတယ်)
အဆင့်(၂) - ရရှိလာတဲ့ iso ဖိုင်ကို CD ခွေအလွတ်ဖြင့် burn ပါ။ (Windows 7 မှာ iso ဖိုင်ကို Double click နှိပ်ရင် burner box ပေါ်လာပါတယ်၊ ခွေအလွတ် ထည့်ပြီး burn ရုံပါပဲ။)
အဆင့်(၃) – burn ထားပြီးတဲ့ခွေကို password သိလိုတဲ့ ကွန်ပြူတာမှာ ထည့်ပြီး restart ချပါ။
အဆင့်(၄) – ၎င်း CD ခွေမှ boot ယူပေးပါ။ (Windows တင်တဲ့အခါ Windows CD က Boot ယူသလိုပဲ၊ ယခု CD ခွေမှ boot ယူရမှာဖြစ်ပါတယ်။ Boot Menu ခေါ်ပြီး CD Drive ကို ရွေးပေးခြင်းဖြင့် ယူနိုင်သလို၊ BIOS ထဲ ဝင်ရောက်ပြီး first boot device ကို CD drive ရွေးပေးချင်းဖြင့်လည်း boot ယူနိုင်ပါတယ်။)
အဆင့်(၅) - အောက်ပါအတိုင်း menu ပေါ်လာရင် user တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Graphic mode (Auto mode) ကိုရွေးချယ်ပေးပါ။

အဆင့်(၆) - အချိန်အနည်းငယ် စောင့်ပြီး table ထဲမှာ user name နဲ့ Password အားလုံးပေါ်တဲ့အထိ စောင့်ပေးနေရုံပါပဲ။
အဆင့်(၇) - ပေါ်လာတဲ့ username နဲ့ password တွေကို မှတ်ထားပြီး restart ချပါ။
အဆင့်(၈) – CD ကို ထုတ်ထားပြီး ပုံမှန်အတိုင်း ကွန်ပြူတာဖွင့်ကာ password တောင်းလာတဲ့ user အတွက် မှတ်ထားတဲ့ password ထည့်ပေးပြီး log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = အရမ်းလွယ်ကူပြီး Hacking ပြုလုပ်နိုင်သည်အထိ အသုံးဝင်ပါတယ်။
အားနည်းချက် = Software CD အသုံးပြုရမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့အတွက် ခွေမဆောင်ထားရင် ဒုက္ခများပါတယ်။

၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း

Password reset လုပ်တဲ့ software များစွာရှိပါတယ်။ အများစုက freeware ပါ။ Ophrcrack လို ကြည့်လို့ရတဲ့ Software ရှိနေတာ ဘာလို့ reset tool သုံးမှာလဲလို့ မေးစရာရှိပါတယ်။ အဲလို CD မျိုး မိမိနှင့်တကွ အမြဲရှိနေဖို့ မလွယ်ပါဘူး။ လိုတဲ့အချိန်မှ လိုက်ရှာရင်လည်း ကရိကထ များပါတယ်။ ဒါ့ကြောင့် ဖိုင်ဆိုဒ်သေးပြီး အလွယ်တကူ ရှာလို့ရတဲ့ reset tool တွေ တွင်ကျယ်နေတာ ဖြစ်ပါတယ်။ (tools ပေါင်းများစွာ ရှိပါတယ်။ အရေးကြုံလို့ ဘာသုံးရမှန်းမသိရင် အင်တာနက်သုံးပြီး windows password breaker, Windows password remover စသဖြင့် ရေးရှာကြည့်ပါ။ အများကြီးတွေ့တဲ့အထဲကမှ မိမိနဲ့အဆင်ပြေမယ့် တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။) အခု Windows Password Breaker Professional ဆိုတဲ့ Software ကို အသုံးပြုပြီး ရေးသားပါမယ်။

အဆင့်(၁)
Download Here
===
zippyshare  solidfiles Miloshare 

-/windows_password_breaker_professional_trial.exe ကိုနှိပ်ပြီး Download လုပ်ယူပါ။
အဆင့်(၂) – CD/DVD (သို့မဟုတ်) USB disk တစ်ခုခုကို ထည့်ပြီး ၎င်း software ဖြင့် “burn” ပါ။

အဆင့်(၃) – “Ophrcrack CD” ကို အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း အသုံးပြုပါ။
အဆင့်(၄) – tools တွေ တစ်ခုနဲ့တစ်ခု အသုံးပြုပုံချင်း ချွတ်စွတ်တော့ မတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းချင်းတော့ တူတူပဲ ဖြစ်ပါတယ်။ ဒီ reset tools တွေက file size သေးတာနဲ့အညီ အသုံးပြုရမှာကလည်း CLI (command ရိုက်ထည့်ပြီး အသုံးပြုရမယ့် စနစ်) များသာ ဖြစပါတယ်။ command သုံးရပေမယ့် အလွတ်ရစရာ မလိုပါဘူး။ password reset လုပ်ရန် 1 ကို ရိုက်ပြီး Enter နှိပ်ပါ။ စသဖြင့် ညွှန်ကြားပေးပါတယ်။ စာဖတ်ပြီး လုပ်ရုံပဲ ဖြစ်ပါတယ်။
အဆင့်(၅) – password အသစ် ရိုက်ထည့်ပေးပြီး ကွန်ပြူတာကို restart လုပ်ကာ password အသစ်ဖြင့် log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = file size သေးငယ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
အားနည်းချက် = Command Line ဖတ်ပြီး လုပ်ဆောင်ရတဲ့အတွက် Beginner တွေကို စိတ်ညစ်စေနိုင်ပါတယ်။

၎။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

လူတိုင်းလိုလို အဆင်သင့် ရှိနေတတ်ကြတာက Windows CD ဖြစ်ပါတယ်။ Software ရှာတာတွေ၊ Burning လုပ်ရတာတွေ USB memory stick ရှာရတာတွေထက် Windows CD ရှာရတာ ပိုလွယ်ပါတယ်။ ဒါ့ကြောင့် ဘာမှ လိုက်ရှာမနေတော့ပဲ Windows CD နဲ့တင် password reset လုပ်နိုင်တဲ့နည်းက အများဆုံး အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ (Windows 7 အသုံးပြုသူတွေအတွက်ပဲ ဒီနည်းက အဆင်ပြေတာဖြစ်ပါတယ်။ တင်ထားတာလည်း Windows 7 ပဲဖြစ်ပြီး၊ သုံးတဲ့ CD ကလည်း Windows 7 DVD ဖြစ်ရပါမယ်။ Ultimate, Home Premium စသဖြင့် version မတူရင်လည်း အသုံးပြုနိုင်ပါတယ်)
အဆင့်(၁) – Windows တင်တဲ့အတိုင်းပဲ Windows CD ထည့်ပြီး၊ CD ကနေ boot ယူပါ။
အဆင့်(၂) – အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာရင် “Repair your computer” ကို နှိပ်ပေးပါ။

အဆင့်(၃) – “Command Prompt” ကို နှိပ်ပေးပါ။

အဆင့်(၄) - ပေါ်လာတဲ့ cmd မှာ အောက်ဖော်ပြပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (original sticky key ကို backup လုပ်ထားလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\sethc.exe c:
အဆင့်(၅) - အောက်ပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (cmd file ကို sticky key အဖြစ် နာမည်ပြောင်းပြီး copy ကူးလိုက်တာ ဖြစ်ပါတယ်)
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

အဆင့်(၆) – 1 file<s> copied. လို့ ပြလာရင် ကွန်ပြူတာကို restart ချပေးပါ။
အဆင့်(၇) – log on screen ကို ရောက်ရင် Shift key ကို ၅ ခါ နှိပ်ပြီး command prompt ကို ခေါ်ပါ။
အဆင့်(၈) – net user လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် ရှိနေတဲ့ User name တွေ လာပြပါလိမ့်မယ်။
အဆင့်(၉) - အဲဒီအထဲက မိမိ password ပြောင်းလိုတဲ့ user name ကို net user နဲ့ * ကြားမှာ ရိုက်ပါ။ (ယခု ပြထားတဲ့ပုံမှာ “Raaz” ဆိုတဲ့ user name ကို သုံးပြမှာ ဖြစ်ပါတယ်။ ) net user raaz *
အဆင့်(၁၀) – Type a password for the user: ဆိုတဲ့ စာတမ်း ပေါ်လာပြီး password အသစ်တောင်းမှာ ဖြစ်ပါတယ်။ မိမိပြောင်းလိုတဲ့ password ကိုရေးပြီး Enter နှိပ်ပါ။ နောက်တစ်ကြိမ် password ထပ်တောင်းပါလိမ့်မယ်။ confirm ဖြစ်အောင် ၎င်း password အသစ်ကို နှစ်ကြိမ် ရိုက်ပေးရမှာဖြစ်ပါတယ်။

အဆင့်(၁၁) – command completed successfully ဆိုပြီး ပြလာရင်တော့ restart ချပြီး password အသစ်နဲ့ log in ဝင်ရုံပါပဲ။

အားသာချက် = CD နဲ့ Software မရှာရတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။
အားနည်းချက် = အနည်းဆုံးတော့ Windows CD ရှိရမှာဖြစ်ပြီး၊ Command မှတ်မိဖို့လည်း လိုပါတယ်။



အားလုံးအဆင်ပြေပါစေ။ 
 

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

★★Antivirus ဆော့စ်ဝဲတွေကိုဘယ်လို Disable/Enable လုပ်မလဲ !!!(Movie Tutorial)★★

0
ကျွန်တော်ဒီပိုစ့်လေးမှာအားလုံးအတွက်သိသင့်တဲ့(ဆရာကြီးတွေမပါ)Antivirus ဆော့စ်ဝဲတွေကိုဘယ်လို Disable/Enable လုပ်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်။တော်တော်များများလာမေးကြလို့စုစည်းပြီးတင်
ပေးလိုက်တာပါ။Antivirus ဆော့စ်ဝဲတွေကိုDisable/Enable လုပ်တတ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆို
တော့တစ်ချို့ဆော့စ်ဝဲတွေကိုအင်စတောလုပ်တဲ့အခါမှာပါလာတဲ့ကီးတွေကိုAntivirus ဆော့စ်ဝဲတွေကvirus
အဖြစ်သက်မှတ်ပြီးစားသုံးခြင်းမခံရအောင်ခဏတာ Disable/Enable လုပ်ပေးရခြင်းပါ။တစ်ခါတစ်လေ

★★Window media player encountered a problem while playing the file ဆိုတာကိုဖြေရှင်းနည်း★★

0
ကွန်မန့်ဘောက်မှာလာရောက်တောင်းဆိုသွားလို့ချက်ချင်းတင်ပေးလိုက်ပါတယ်။များသောအားဖြင့်ဒီပြဿ
နာက Windows 7 Professional 32-Bit machine တွေမှာအဖြစ်များပါတယ်။Windows 7 playing  WAV files တွေရဲ့ fix to  problem အကြောင်းတွေပါ။အခုဒီကောင်လေးကိုဖြေရှင်းဖို့ကျွန်တော်ဆော့စ်ဝဲ
လေးပေးလိုက်ပါမယ်။ဘယ်လိုအင်စတောလုပ်ရမလဲဆိုတာလဲအောက်မှာပုံတွေပြထားပါတယ်။ဘာကြောင့်
ဆော့စ်ဝဲပေးရလဲဆိုတော့ကျွန်တော်တို့အတွင်းပိုင်းတွေကိုဝင်ရောက်ပြင်ဆင်ရင်သူငယ်ချင်းတို့မှားမှာစိုးလို့
ပါ။ဒီကောင်းလေးကိုအင်စတောလုပ်ပြီးတာနဲ့ပြန်ဖွင့်ကြည့်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်။ဖိုင်ဆိုဒ်က
1Mb ပဲရှိပါတယ်။အောက်မှာအင်စတောလုပ်နည်းကြည့်ပါ။

How to Create Portable Apps Using WinRar & UniExtract (Movie Tutorial) 47Mb !!!

0
ကျွန်တော်တို့တွေ Winrar နဲ့ UniExtract ဆော့စ်ဝဲကိုသုံးပြီးတော့ Protable ဆော့စ်ဝဲတစ်ခုဘယ်လိုဖန်တီး
လဲဆိုတာကို Movie Tutorial လေးနဲ့တင်ပြပေးထားပါတယ်။သူငယ်ချင်းတို့အနေနဲ့ကိုယ်တိုင် Protable
ဆော့စ်ဝဲလေးတွေဖန်းတီးတတ်အောင်ရယ်ပြီးတော့ကိုယ်လုပ်ပြီးသားကိုသူငယ်ချင်းစက်မှာပဲဖြစ်ဖြစ် ၊ ဆိုင်
မှာပဲအလွယ်တစ်ကူသယ်ဆောင်သွားပြီးအသုံးပြုလို့ရပါတယ်။Install လုပ်စရာမလိုတဲ့စက်လည်းလေးလံမှု
မရှိတော့ဘူး။ဘယ်စက်မှာမဆိုအသုံးပြုလို့ရတယ်။အမှန်ဆိုရင် Winrar တစ်ခုတည်းနဲ့ဖန်တီးလို့ရပါတယ်။
ဒါပေမယ့်မပြည့်စုံဘူးလို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့တစ်ချို့ဖိုင်တွေက System တစ်နေ
ရာထဲမှာမရှိလို့ပဲ။ဒီအခါမှာလုပ်ဆောင်လို့မရပါဘူး။(ဒါကကျွန်တော့်အမြင်ပါ)ဘယ်လိုလုပ်ရလဲဆိုတာကို
Movie ဖိုင်လေးနဲ့အတူ UniExtract ဆိုတဲ့ exe လေးပါဒေါင်းလော့စ်ဖိုင်ထဲမှာထည့်သွင်းပေးထားပါတယ်။
အင်စတောလုပ်တဲ့အခါမှာတော့အောက်ကပုံလိုမျိုးပေါ်လာမှာပါ...


အိုခေသူငယ်ချင်းတို့စိတ်ဝင်စားတယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါ။

အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ


Password -  yangonthar

http://adfoc.us/14251337305903 
(or)

http://adfoc.us/14251337320446 
(or)

http://adfoc.us/14251337320392 


နည်းပညာမြို့တော်

format factory လေးနဲ့သီချင်းဖြတ်နည်း

0

အားလုံးပဲ HAPPY NEW YEAR  ပါဗျာ။
ဒီနေ့ကျွန်တော်မျဝေပေးချင်တဲ့နည်းပညာလေးကတော့ format factory လေးနဲ့ mp4 (or)p3
သီချင်းလေးတွေကို ချုံ့တဲ့ဖြတ်တဲ့နည်းလေးပါ။ဒီနည်းလေးတွေကိုသိတဲ့သူရှိသလို မသိတဲ့လူများလဲရှိမယ်ထင်လို့ရည်ရွယ်ပြီးတော့တင်လိုက်ရတာပါ.........ကဲစလိုက်ကြရအောင်ဗျာ။
flash song တွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့ photo လေးတွေကို နောက်ခံ music လေးတွေနဲ့ photo slideshow
လုပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်သီချင်းချုံ့တာဖြတ်တာဆိုတာအလွန်တရာမှအရေးကြီးတယ်ဆိုတာလုပ်
ဖူးကြတဲံဘော်ဘော်တွေသိကြမှာပါ ဘာကြောင့်လဲဆိုတော့ flash song သီချင်းတပုဒ်လုပ်တဲ့အခါမှာ
အရေးအကြီးဆုံးကသီချင်းချုံ့တာပါ မိမိပုံဖော်ထားတာဘယ်လောက်ပဲလက်ရာမြောက်မြောက်
ဘယ်လောက်ပဲလှလှ ဆိုဒ်ကြီးနေတယ်ဆိုရင်တော့ မိမိဖန်တီးထားတာကိုမိမိကပဲကြည့်လို့ရတဲ့အဖြစ်မျိုးနဲ့ကြုံရမှာပါ mp3 သီချင်းတပုဒ်ရဲ့ပုံမှန်ဆိုဒ်က
အနည်းဆုံး 3mb ကျော်ကျော်လောက်ရှိတတ်ပါတယ်။ဒီတော့သီချင်းကိုမချုံ့ပဲနဲ့ဒီအတိုင်းပဲထည့်လိုက်ရင်
တော့နောက် photo effect တွေ text effect +mouse effect +play stop ကဲ mb ဘယ်လောက်ရှိလိုက်မလဲ
စဉ်းစားသာကြည့်ကြတော့ပေါ့ဗျာ။ နောက်တခုကမိမိတို့စိတ်ကူးရှိသလိုပုံဖော်ထားပြီးသွားပြီ
သီချင်းထဲမှာ (ကဲသားငယ်ပိုင်သက်ကျော်ရယ်တို့+အဆိုတော်ဘယ်သူ့ကိုဖိတ်ခေါ်ပါတယ်တို့+ကျွန်တော်ခုဆိုမယ့်
သီချင်းကတို့ပြီးတော့သီချင်းဆုံးတဲ့အခါပရိတ်သတ်တွေလက်ခုတ်ဆူဆူညံညံတီးတာတို့)ဒါတွေကလည်း
မိမိပုံဖော်ထားသမျကိုကသိကအောက်ဖြစ်စေတဲ့အကြောင်းတခုလို့ဆိုရင်မှားမယ်မထင်ပါဘူး
ဒါကြောင့်ဒီနည်းလမ်းတွေကိုဖြေရှင်းဖို့အတွက် သီချင်းချုံ့တာဖြတ်တာဘယ်လောက်အရေးကြီးတဲ့နေရာမှာရှိနေတယ်ဆိုတာသိကြရောပေါ့နော
ကျွန်တော်အခုတင်တာကလည်း ကျွန်တော် gmail ကနေတောင်းလာတဲ့သူငယ်ချင်းတွေရယ်
ပြီးတော့ကျွန်တော်တို့ရဲ့ဆိုဒ်ထဲကိုရောက်တတ်တဲ့သူငယ်ချင်းတွေအတွက်သိချင်တာကိုဘယ်မှသွား
စရာမလိုပဲကြည့်လို့ရအောင်ရယ်ပြီးတော့ကျွန်တော်ဆရာရဲ့ဆိုဒ်ထဲမှာနည်းပညာတွေစုံစုံလင်လင်ရှိချင်
တာရယ်နောက်တခုကကျွန်တော်နောက်တင်မယ့်ပိုစ့်မှာဒီနည်းလေးကအရမ်းအရေးကြီးနေတာကြောင့်
တင်လိုက်ရတာပါ။ကဲပြောနေကြယ်ဗျာလုပ်ကြည့်ရအောင်နော်။
format factory မရှိသေးတဲ့သူငယ်ချင်းတွေကတော့ကျွန်တော့်ဆရာတင်ပေးထားပါတယ်ဒီကနေသွား
ဒေါင်းလိုက်နော်။ကဲပြီးရင်တော့ရမ်းပြီးတော့ဖွင့်လိုက်ပေါ့အောက်ကပုံအတိုင်းတွေ့ရလိမ့်မယ်။



       ပုံ(၁)
ပုံမှာပြထားတဲ့အတိုင်းပေါ့နော် mp4 ဆိုရင် video ရှိတယ် mp3 ဆိုရင် audio ရှိတယ်ကျွန်တော်ကတော့
mp3 ဖြတ်မှာဆိုတော့ mp3 နဲ့ပဲပြပေးမယ်နော် ပုံ(၂)ကိုဆက်ကြည့်လိုက်ပါ။

ပုံ(၂)
ဒါကတော့ကျွန်တော် audio ထဲကနေ all to mp3 နှိပ်လိုက်ရင်ပုံ(၂)လိုပဲသီချင်းခေါ်ရမယ့်အပိုင်းရောက်လာ
ပါလိမ့်မယ်မြားပြထားတဲ့ add file ကနေ မိမိလိုချင်တဲံသီချင်းသွားခေါ်လိုက်နော်။

ပုံ(၃)
ဒါကတော့ကျွန်တော်ခေါ်ထားတဲ့သီချင်းလေးပါ 3mb ကျော်ပါတယ်။
ဒီနေရာမှာအနီနဲ့ဝိုင်းပြထားတဲ့ output setting ရယ် အနက်နဲ့ဝိုင်းပြထားတဲ့ set range ရယ်နှစ်ခုတွေ့ရပါလိမ့်
မယ် output setting ကတော့သီချင်းချုံ့ရမယ့်အပိုင်းပါ set range ကတော့သီချင်းဖြတ်ရမယ်အပိုင်းပါ
နားလည်ရလွယ်အောင်လို့ သီချင်းချုံ့တဲ့နည်းအရင်ပြပေးမယ်နော်။ အနီရောင်နဲ့ပြထားတဲ့ output setting
ကနေသွားမယ်ဗျာ။

ပုံ(၄)


ဒီနေရာမှာကျွန်တော်ပြထားသလိုပဲလုပ်သွားလိုက်ပါနော် ကျွန်တော်ရွေးထားတဲ့ 64 ကတော့အကောင်းဆုံးပါပဲ သီချင်း quality ကိုလဲလုံးဝကျမသွားစေတတ်ပါဘူး
တခုတော့ပြောစရာရှိတယ်ဗျ လွမ်းပိုင်သီချင်းတွေတော့အာမမခံပါ.....ဟိဟိ
တကယ်ပြောတာပါသူ့သီချင်းတွေကိုဘယ်လိုချုံ့ချုံ့ဘယ်လိုမှမရဘူးဗျ ရတဲ့သီချင်းကရပေမေ့
မရတဲ့သီချင်းကတော်တော်များပါတယ်.အရင်ကသူ့ကိုတင်စားထားတာတွေကိုကြားဖူးပါတယ်
ဒုံပျံထက်မြန်တဲ့အသံပိုင်ရှင်တဲ့ ကျွန်တော်ခုမှပဲတကယ်ကိုယုံတော့တာပါ  ခုလိုတိုးတက်နေတဲ့ခေတ်ကြီး
ထဲမှာမြင့်ပါတယ်ဆိုတဲ့ဆော့ဝဲတွေတောင်သူ့အသံကိုမစွမ်းဆောင်နိုင်တာတော့သူ့ပညာကိုတော့လေးစား
မိပါတယ် ဒီဆော့ဝဲမှမဟုတ်ပါဘူး ကျန်တဲ့ဆော့ဝဲတွေလဲအဲအတိုင်းပါပဲဗျာ။ဆက်လိုက်ကြရအောင်




ပုံ(၅)


လိုင်းတန်းလေးသွားလို့ပြီးသွားပြီဆိုရင်တော့ output folder ဖွင့်ပြီးတော့လုပ်ထားတဲ့သီချင်းကိုသွားယူလိုက်ပေါ့ဗျာ။

ပုံ(၆)

ကဲခုဆိုရင် 3mb ကျော်တဲ့သီချင်းတပုဒ်က 1mb ကျော်ကျော်လောက်ပဲဖြစ်သွားတာမြင်တွေ့ရမှာပါ။
ချုံ့တဲ့နည်းပြီးသွားပြီ  ဖြတ်တဲ့နည်းလေးကြည့်ရအောင်နော်။

ပုံ(၇)

အနက်ရောင်နဲ့ဝိုင်းပြထားတဲ့ set range ကနေသွားမယ်နော်။


ဒီနေရာမှာဗျာ start time ရယ် end time ရယ်နှစ်ခုနော် (အနီရောင်နဲ့)start time ကတော့စမှတ်ချင်တဲ့
အမှတ်အသား end ကတော့အဆု့းအမှတ်အသားပေါ့ပြီးသွားရင်တော့အပေါ်မှာ ok နော်။
ကဲဒီလောက်ဆိုရင်နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။နားမလည်တာရှိရင်လဲ
tawzin941@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။


                          သူငယ်ချင်းများနည်းပညာကြွယ်ဝပြီးပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေနော်။












How to remove a Windows Password using the Hiren's BootCD 15.2 !!!

1
ကျွန်တော်မေးထားတဲ့သူငယ်ချင်းတွေအတွက်နဲ့လိုအပ်တဲ့သူငယ်ချင်းတွေအတွက်ပါ Hiren's BootCD ကို
ဘယ်လိုအသုံးပြုရလဲဆိုတာဆော့စ်ဝဲနှင့်တစ်ကွ Movie လေးနဲ့ပါရှင်းပြပေးထားပါတယ်။ကျွန်တော်တို့တွေ
အကြောင်းကြောင်းကြောင့် Windows Password တွေမေ့သွားတဲ့အခါကြရင် Windows အသစ်ပြန်တင်
ရင်လည်းအထဲမှာရှိနေတဲ့မသိမ်းထားမိတဲ့Data တွေလည်းဆုံးရှုံးကုန်မှာစိုးတာနဲ့ဘာလုပ်ရမှန်းမသိဖြစ်တတ်
ပါတယ်။ဒီလိုအခါမျိုးမှာ  Hiren's BootCD Lasted Version 15.2 နဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာလက်တွေ့
ကျကျဖြေရှင်းနည်းကိုတင်ပေးလိုက်ပါတယ်။ဆော့စ်ဝဲဖိုင်ထဲမှာတစ်ခါတည်း Burn တဲ့ဆော့စ်ဝဲပါတစ်ခါ
တည်းပေါင်းထည့်ပေးထားပါတယ်။ဆော့စ်ဝဲအားလုံးပေါင်း 675Mb ရှိတာကြောင့်ကွန်နရှင်အားနည်းတဲ့
သူငယ်ချင်းတွေအတွက်ပါအဆင်ပြေအောင် ဖိုင် 10 ဖိုင်ခွဲပြီး 1ဖိုင်ကို 70Mb စီခွဲထည့်ထားပါတယ်။ဒေါင်း
လော့စ်ဆွဲလို့ရတဲ့ဖိုင်တွေကိုဘယ်လိုပြန်ပြီးဖိုင်ဖြည်မလဲဆိုတာကိုကောပြောပြပေးသွားမှာပါ။အကယ်၍
ဒေါင်းလော့စ်ဖိုင်တွေဖြည်ပြီးလို့ထွက်လာတဲ့ Setup.exe ဖိုင်ကို Double Click နှိပ်ပြီး Install လုပ်တဲ့အခါ
ကြရင်ခဏတော့စောင့်ပေးပါ။ဖိုင်ဆိုဒ်များလို့ချက်ချင်းမပွင့်သေးတာပါ။တော်ကြာသူငယ်ချင်းတို့ဒေါင်းပြီးမှ
မရဘူးဘာညာပြောမှာစိုးလို့ကြိုပြောထားတာပါ။ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုတော့ Movie Tutorial
လေးကြည့်ပြီးဆက်လက်လုပ်ဆောင်လိုက်ကြပါ....


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုထပ်ပြီး ရှယ် လိုက်ကြပါသူငယ်ချင်းတို့ရေ...

 File ပြန်ဖြည်နည်းမသိရင် ဒီမှာနှိပ်ပြီး အရင်ဝင်ဖတ်ပါ။

                                                        1 File 70Mb
 












နည်းပညာမြို့တော်


အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်