Showing posts with label Window နှင့်ပတ်သက်သမျှ. Show all posts
Showing posts with label Window နှင့်ပတ်သက်သမျှ. Show all posts

Tenorshare Windows Boot Genius 2.0.0.1 Build 1887 + Pre Registered (215Mb) !!!!

0
 Windows Boot Genius ဆိုတဲ့ဒီဆော့စ်ဝဲလေးကတော့လက်ရှိပေါက်ဓျေးက $79 ရှိပါတယ်။အခု
ကျွန်တော်က Registered လုပ်ပြီးသားလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။သူငယ်ချင်းတို့ရဲ့ကွန်ပြူတါ
အကြောင်းကြောင်းကြောင့်ဝင်ဒိုးမတက်နိုင်တော့ရင် ၊ blue screen ပြဿနာတွေ ၊ crashing ဖြစ်နေတာ
တွေ ၊ တစ်ခါတစ်ခါကြရင် NTLDR Missing ဆိုပြီး Press + Ctrl+Alt+Del ကိုပဲဇွတ်နှိပ်ခိုင်းတာတွေ
"NTLDR is Missing", "BOOTMGR is Missing" စတဲ့ errors ကြုံဖူးကြမှာပါ။

How to Enable .net Framework 3.5.1 Offline in Windows 8,8.1 !!!(28Mb)

0
ကျွန်တော်ဒီပိုစ့်လေးမှာတော့ Windows 8 , 8.1 သုံးတဲ့သူငယ်ချင်းတွေအတွက်တစ်ချို့ဆော့စ်ဝဲတွေကို
အင်စတော့လုပ်မရတဲ့အခါဘာကြောင့်လဲဆိုတာနဲ့ Net Framework Enable ပြုလုပ်နည်းကိုအသေးစိတ်
လက်တွေ့ကိုယ်တိုင်လုပ်ဆောင်နိုင်ရန် Movie လေးနဲ့ရှင်းပြပေးသွားပါမယ်။Windows 8 သူငယ်ချင်းတွေ
အများကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါ။ဒါကြောင့်ဒီပိုစ့်လေးကိုဒေါင်းလော့စ်ချပြီးကိုယ်တိုင်လိုအပ်တာတွေ
ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒီပိုစ့်လေးကိုတင်သွင်းလာသူကတော့ Soe ThiHa Paing ပဲဖြစ်ပါတယ်။

Windows 8 Beta version,sometimes you will get the message to install .net framework,for running those applications which require .net Framework to operate.
But it becomes quite difficult for us to download and install Microsoft .net Framework online.There can be many reason for that.
Know here question arises that Windows 8 comes with pre-installed .net framework application,then why it is asking for re-installation.It is because Windows 8 beta Setup doesn't install the .net
Framework,we have to manually install it.


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုလည်းထပ်ပြီး ရှယ် လိုက်ပါနော်...

http://adfoc.us/14251336412657 
(or)

http://adfoc.us/14251336417247 
(or)

http://bc.vc/rgdLWO 
(or)

http://adfoc.us/14251336417404 


နည်းပညာမြို့တော်

 
 

How to remove a Windows Password using the Hiren's BootCD 15.2 !!!

1
ကျွန်တော်မေးထားတဲ့သူငယ်ချင်းတွေအတွက်နဲ့လိုအပ်တဲ့သူငယ်ချင်းတွေအတွက်ပါ Hiren's BootCD ကို
ဘယ်လိုအသုံးပြုရလဲဆိုတာဆော့စ်ဝဲနှင့်တစ်ကွ Movie လေးနဲ့ပါရှင်းပြပေးထားပါတယ်။ကျွန်တော်တို့တွေ
အကြောင်းကြောင်းကြောင့် Windows Password တွေမေ့သွားတဲ့အခါကြရင် Windows အသစ်ပြန်တင်
ရင်လည်းအထဲမှာရှိနေတဲ့မသိမ်းထားမိတဲ့Data တွေလည်းဆုံးရှုံးကုန်မှာစိုးတာနဲ့ဘာလုပ်ရမှန်းမသိဖြစ်တတ်
ပါတယ်။ဒီလိုအခါမျိုးမှာ  Hiren's BootCD Lasted Version 15.2 နဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာလက်တွေ့
ကျကျဖြေရှင်းနည်းကိုတင်ပေးလိုက်ပါတယ်။ဆော့စ်ဝဲဖိုင်ထဲမှာတစ်ခါတည်း Burn တဲ့ဆော့စ်ဝဲပါတစ်ခါ
တည်းပေါင်းထည့်ပေးထားပါတယ်။ဆော့စ်ဝဲအားလုံးပေါင်း 675Mb ရှိတာကြောင့်ကွန်နရှင်အားနည်းတဲ့
သူငယ်ချင်းတွေအတွက်ပါအဆင်ပြေအောင် ဖိုင် 10 ဖိုင်ခွဲပြီး 1ဖိုင်ကို 70Mb စီခွဲထည့်ထားပါတယ်။ဒေါင်း
လော့စ်ဆွဲလို့ရတဲ့ဖိုင်တွေကိုဘယ်လိုပြန်ပြီးဖိုင်ဖြည်မလဲဆိုတာကိုကောပြောပြပေးသွားမှာပါ။အကယ်၍
ဒေါင်းလော့စ်ဖိုင်တွေဖြည်ပြီးလို့ထွက်လာတဲ့ Setup.exe ဖိုင်ကို Double Click နှိပ်ပြီး Install လုပ်တဲ့အခါ
ကြရင်ခဏတော့စောင့်ပေးပါ။ဖိုင်ဆိုဒ်များလို့ချက်ချင်းမပွင့်သေးတာပါ။တော်ကြာသူငယ်ချင်းတို့ဒေါင်းပြီးမှ
မရဘူးဘာညာပြောမှာစိုးလို့ကြိုပြောထားတာပါ။ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုတော့ Movie Tutorial
လေးကြည့်ပြီးဆက်လက်လုပ်ဆောင်လိုက်ကြပါ....


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုထပ်ပြီး ရှယ် လိုက်ကြပါသူငယ်ချင်းတို့ရေ...

 File ပြန်ဖြည်နည်းမသိရင် ဒီမှာနှိပ်ပြီး အရင်ဝင်ဖတ်ပါ။

                                                        1 File 70Mb
 












နည်းပညာမြို့တော်


ဝင်းဒိုးတင်ပြီးဆောင်ထားသင့်သော Software များစုစည်းမှု

0
ကျွန်တော်ဒီတစ်ခါ ၀င်းဒိုးတင်ပြီးတာနဲ့ အဓိကအသုံးဝင်ဆော့စ်ဝဲလ်များကို စုစည်းပေးထားပါတယ်။
ဆော့စ်ဝဲအားလုံး 24 မျိုးပါဝင်ပါတယ်။ မိမိလိုအပ်တဲ့ဆော့စ်ဝဲကိုကလစ်ပြီး Install လုပ်လိုက်ရုံပါပဲ။
နောက်ဆုံးထွက်လာတဲ့ Full Version အသစ်များကိုသာရေွးချယ်တင်ပေးထားခြင်းဖြစ်ပါတယ်။
ပါဝင်တဲ့ အမျိုးအစားတွေကတော့...
1.E-Book..
1) EMail ကိုအကောင်းဆုံးလုံးချုံအောင် ကာကွယ်နည်း။
2) Skype ကိုမြန်မာလိုကောင်းစွာအသုံးပြုနည်း။
3) Facebook ကိုအကောင်းဆုံးအသုံးပြုတတ်အောင်လေ့လာနည်း။
4) Gmail & Gtalk ကိုအကောင်းဆုံးအသုံးနည်း နှင့် အသုံးချနည်းများ။

 2. Myanmar Fonts All in One ( 400 in 1 )
 3. Windows 7 Loader For (32bit / 64bit )
 4. 7zip Windows (32bit)
 5. 7zip Windows (64bit)
 6. ESED-NOD32 Antivirus (All Windows)
 7. Firefox 26 Beta 1
 8. Flashplayer 11-9
 9. FoxitReader
10.GoogleTalk (GTalk)
11.I-Dictionary  5ဘာသာကိုမြန်မာဘာသာပြန်နိုင်သော (5 in 1 )
12.Internet Download Manager 1.18 Build 4 + Patch
13.Netframe 3.5 (I-Dictionary သုံးသူများNetframe 3.5 ကိုအရင် အင်စတောလုပ်ပါ )
14.Teamviewer 8.1.0
15.VLC-Windows (32bit)
16.VLC-Windows (64bit)
17.Window Media Player 11
18.ZawGyiFont For Windows 7 (32bit)
19.ZawGyiFont For Windows 7 (64bit)  
20.ZawGyiFont For Windows XP (32/64bit)
21.WinRar (32bit)
22.WinRar (64bit)


 ဆော့စ်ဝဲအားလုံးပေါင်း ဖိုင်ဆိုဒ် 230MB ရှိပါတယ်။ လိုအပ်မယ့်ဆော့စ်ဝဲများဖြစ်သည့်အတွက်  ဒေါင်းပြီးသိမ်းထားသင့်ပါတယ်။   

ကြော်ငြာလေးကလစ်ခြင်းဖြင့်အားပေးကြပါ.....
http://mm-knowledgeinfo.blogspot.com/2013/11/software.html 

                                                   ရန်ကုန်သား(နဂါးစိမ်း)


Microsoft About this Problem

0
07:45AM Yangonthar
ကျွန်တော်တို့တွေ ကွန်ပျူတာသုံးနေရင်း တစ်ခါတစ်ခါ တက်တက်လာတဲ့ Microsoft about this problem
ဆိုတဲ့ ဘောက်ကြီးကအရမ်းရှုပ်တယ်ဗျာ။ သူငယ်ချင်းတို့လဲကြုံဖူးကြမှာပါ။ အခုဒီလိုဖြစ်လာရင်
ဖြေရှင်းရမယ့်နည်းလမ်းလေးကို တင်ပြချင်ပါတယ်။ သိပြီးသားလူတွေအတွက် အဆင်ပြေကြမှာမှာပါ။
မသိသေးတဲ့သူငယ်ချင်းတွေအတွက်တော့ နည်းပညာတစ်ခုတိုးတာပေါ့။


ဘယ်လိုလုပ်မလဲဆိုတာ အောက်မှာပြထားတဲ့အတိုင်းလိုက်လုပ်ကြရအောင်..

follow these steps below:


1. Open Control Panel

2. Click on Preformance and Maintenance.

3. Click on System.

4. Then click on the Advanced tab

5. Click on the error reporting button on the bottom of the windows.

6. Select Disable error reporting.

7. Click OK

8. Click OK


Windows 8 Desktop မှာ icon font တွေ ကိုမြန်မာလိုမပေါ်ခဲ့ရင်

0

11:25AM Yangonthar

  Windows 8 မှာ Desktop မှာ icon font တွေ ကိုမြန်မာလိုမပေါ်တဲ့သူတွေ ရှိကောင်းရှိမှာပါ။
ကို က  Windows 8 ကိုသုံးနေပြီ. Windows 8 ရဲ့ Desktop ပေါ်မှာ Folder နာမည်လေးတွေကို မြန်မာလိုပေးလို့မရတဲ့သူတွေအတွက်ဒီ post လေးကိုတင်ပေးတာပါ .
           ဖိုင်လေးကိုဒေါင်းပါ ပြီးရင် အဲ့ ထဲ က iconfont application ကို Run ပါ သူက Current icon font ကို အပေါ်မှာပြပြီးအောက်မှာ မိမိ အသုံးပြုချင်တဲ့ font name ကို ရိုက်ထည့်ခိုင်းပါလိမ့်မယ်..

.မှန်အောင်တော့ရိုက်က်ထည့်ရပါလိမ့်မည်။
Zawgyi-One ပေါ့...ပြီးရင် စက်ကို log out လုပ်ပါ ပြန်ဝင်ကြည့်ပါ။




USB နှင့် ၀င်းဒိုးတင်နည်း

0
08:15AM Yangonthar
USB ကနေ ၀င်းဒိုးတင်ဖို့မေးလာတဲ့ သူငယ်ချင်းရေ.. ဒီမှာ ဗီဒီယိုနဲ့ သေချာရှင်းပြထားပါတယ်။
ကြည့်ပြီးလုပ်ကြည့်လိုက်နော်.. ဆော့စ်ဝဲကိုတော့ အောက်မှာဒေါင်းလိုက်ပါ။

WinToFlash starts a wizard that will help pull over the contents of a windows installation CD or DVD and prep the USB drive to become a bootable replacement for the optical drive. It can also do this with your LiveCD.

We recommend to try our new software, Bootable USB Replicator. With WinToFlash, this application will be very usefull! It's free of charge too.
It's not a problem for our Bootable USB Replicator to create an image of your USB drive. It works like any CD imager.
Also, your image supports all boot features of the original USB drive. It's easly than even a CD image because Bootable USB Replicator supports self-extraction, like WinRAR. All you need is to send only one .exe file to your friend and he can "burn" it instantly, with no other software, in one single click!




Windows 7 Back up and Restore ပြုလုပ်နည်း

0
9:45AM Yangonthar
တချို့နိုင်ငံတွေမှာ ကွန်ပြူတာ ၀ယ်ရင်ဘာ စီဒီမှမပါဘူး.နောင်တ ချိန် အသစ်ပြန် တင်ချင်ရင်အသုံးပြု့ဖို့ ကိုယ့်ကွန်ပြူတာကနေ ထုတ်ယူထားရတယ်. မယူတတ်လို့ ဘယ်လို ယူရပါလဲ. အဆင့်ဆင့်လေးပြောပြပေး ပါ ကျေးဇူးတင်ပါတယ် "။
ဒီနေတာ့ကျနော်ဖေါ်ပြပေးမယ့်နည်းလမ်းလေးကတော့ အကိုတစ်ယောက်စီဘောက်မှာ မေးထားလို့  တခြား မိတ်ဆွေများလဲ လေ့လာလို့ ရအောင် တင်ပေးရခြင်းဖြစ်ပါတယ်. Back up and restore ပြုလုပ်ခြင်းအကြောင်းလေးဖြစ်ပါတယ်
.ဒီခေါင်းစဉ်က ဟိုးရှေးရှေးတုန်းက ကျနော်တို့ မြန်မာလူမျိုး ဆရာ့၊ဆရာကြီးတွေ အတော်များများ ရော၊ အခြားလူမျိုးတွေရောဘာသာစကားပေါင်းစုံနဲ့ အွန်လိုင်းပေါ်မှာ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်. အခုမှဘာလို့ ကျနော်တင်ပြရသလဲဆိုရင် ရှင်း ရှင်းပြောရရင် မေးထားတဲ့မိတ်ဆွေ များရှိတဲ့အတွက်ရော၊ ကျနော့် ဆိုဒ်ထဲမှာပြီးပြည့်စုံစေချင်တာရော ၊လာရောက်လေ့လာတဲ့ မိတ်ဆွေများအတွက်နည်းပညာတစ်ခုခု ပါသွားစေချင်လို့ ရေးသားလိုက် ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်က အားလုံးအတွက် အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို ရှင်းလင်းဖေါ်ပြပေးထားတာဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲဆိုရင် မိမိတို့ ရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ မိမိအချိန် ကုန်ခံပြီးထည့်သွင်းထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား၊ Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ အလွယ်ဆုံးနည်းပြောရရင် Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်. 
မှတ်ချက်။   ။ back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား သင့်ပါတယ်။ အချိန်ကာလကြာလာတာနဲ့ အမျှ ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့  back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
*********************************************
Back Up ပြုလုပ်နည်း

အရင်ဆုံး Back up လုပ်တဲ့အပိုင်းကိုအရင်သွားပါမယ်... မိတ်ဆွေများအရှင်းလင်းဆုံးဖြစ်အောင် ကျနော် ပုံလေးတွေနဲ့ ဖေါ်ပြပေးပါမယ်။
( ပုံ - ၁ )

( ပုံ - ၁ ) အတိုင်း  Control Panel ထဲက Backup and Restore ကိုသွားပါ။

( ပုံ - ၂ )
( ပုံ - ၂ ) အတိုင်း Set up backup ကို Click ပါ။

( ပုံ - ၃ )
( ပုံ - ၃ ) အတိုင်း မိမိသိမ်းမယ့် Partition  အပိုင်းတစ်ခုခုကိုရွေးချယ်ပေးရမှာပါ.ကျနော်ကတော့ Partition D: ထဲမှာ သိမ်းပြီးဖေါ်ပြမှာဖြစ်ပါတယ်။ တကယ်လို့ မိမိက စက်ထဲ မှာမသိမ်းချင်လို့ အခြား ကြိုက်နှစ်သက်ရာ memory storage မှာသိမ်းနိုင်ပါတယ်။ အဲဒီအတွက် အသုံးပြုမည့် memory storage ကိုမိမိစက်မှာတပ်ပြီး Refresh ကို click ပေးလိုက်ရင် မိမိရဲ့ memory storage ကိုဖေါ်ပြပေး လာပါလိမ့်မယ်။ ပြီးရင်  Next ကို Click  ပါ။

( ပုံ - ၄ )
( ပုံ - ၄ ) အတိုင်း back up ပြုလုပ်ရာမှာ မိမိကြိုက်နှစ်သက် ရာကိုဘဲရွေးချယ်နိုင်ဖို့ အတွက် Let me choose ကိုရွေးပေးပြီး Next ကို Click  ပါ။

( ပုံ - ၅ )
( ပုံ - ၅ ) အတိုင်း မိမိ back up လုပ်မည့် ဖိုင်တွေကိုအတည်ပြုပြီး  Next ကို Click  ပါ။

( ပုံ - ၆ )
( ပုံ - ၆ )  ကိုရောက်လာရင် Change schedule ကို click ပြီး ( ပုံ - ၇ ) အတိုင်း မိမိတို့  back up လုပ်ချင်တဲ့ အချိန်တွေ သက်မှတ်ပေးနိုင်ပါတယ်။

( ပုံ - ၇ )

( ပုံ - ၈ )
( ပုံ - ၈ ) အတိုင်း  Save settings and run backup ကို Click ပေးလိုက်ပါ။

( ပုံ - ၉ ) 
( ပုံ - ၉) အတိုင်း back up လုပ်နေတာကို ပြီးတဲ့အချိန်ထိ စောင့်နေပေးလိုက်ပါ။ပြီးသွားရင်တော့ back up လုပ်တဲ့အပိုင်းပြီးပါပြီ။ မိမိသိမ်းထားတဲ့  memory storage မှာသွားကြည့်လိုရင် WindowsImageBackup ဆိုတဲ့ Folder လေးတွေ့ ရပါလိမ့်မယ်.

အခုဆက်ပြီး Restore လုပ်တဲ့အပိုင်းကိုဆက်သွားကြရအောင်...

မိမိတို့ backup ပြုလုပ်ထားတဲ့ image file ကို ဘယ်လို restore ပြုလုပ်မလဲဆိုရင် အောက်ကပုံ လေးတွေ အတိုင်း တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်. Control Panel > Back up and  Restore ကို Click ပါ။

( ပုံ - ၁၀ )
( ပုံ - ၁၀ ) အတိုင်း Recover system setting or your computer ကို Click ပါ။

( ပုံ - ၁၁ )

( ပုံ - ၁၁ ) အတိုင်း ပြီးတော့ Advance recovery method ကို Click ပါ။

( ပုံ - ၁၂ )
( ပုံ - ၁၂ ) အတိုင်း ရောက်လာရင် ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။

( ပုံ - ၁၂ ) 
( ပုံ - ၁၂ ) အတိုင်း Restart ကို click ပေးလိုက်ပါ။
 ( ပုံ - ၁၃ ) 
( ပုံ - ၁၃ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၄ ) 
( ပုံ - ၁၄ ) အတိုင်း back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။

 ( ပုံ - ၁၅ ) 
( ပုံ - ၁၅ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၆ ) 
( ပုံ - ၁၆ ) အတိုင်း  Finish ကို Click ပါ။

( ပုံ - ၁၇ )
( ပုံ - ၁၇ ) အတိုင်း မိမိကွန်ပျူတာရဲ့ back up လုပ်ထားတဲ့ image file ကို restore ပြုလုပ်နေပါလိမ့်မယ် သူ့ ကိုလဲစောင့်နေပေးလိုက်ပါ.အားလုံးပြီးသွားရင် windows ပြန်တက်လာတဲ့အချိန်မှာ မိမိ windows ဟာ backup မလုပ်ခင်အချိန်က အတိုင်းပြန်လည်ရရှိမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်...post by နေမင်းခေတ်...မှပြန်လည်မျှဝေခြင်းဖြစ်ပါတယ်..။

အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်