Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Facebook Themse တွေနဲ့လန်းကြမယ်နော် ( For Computer )

0


သူငယ်ချင်းတို့ facebook တွေကို  အလန်းတွေနဲ့ သုံးခြင်ကြလား  လူတော်တော် များများတော့ သိနေပြီးဖြစ်မှာပါ... နည်းလမ်းအဟောင်းလေးပါ မသိသေးသူတွေအတွက်  လုပ်ခြင်သေူတွအတွက်  ကျွန်တော် လက်တွေ့စမ်းသတ် ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..နော်  ကဲ စကြမယ်နော်



ပထမဆုံး     သည်နေ၇ာ   ကိုသွာုးလိက်ပါနော်အဲမှာ Mozilla Firefox အတွက်
Add On လေးတစ်ခု လုပ်ပေးရမှာ ဖြစ်ပါတယ်...

အပေါ်ကပုံတိုင်း  add to firefox ဆိုတာ ကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ သင့်ရဲ့ ဘောက်ဆာကို
restart ချခိုင်းပါမယ်  ချပေးလိုက်ပါနော်...အိုကေ add on လေးရပြီဆိုတာနဲ့ မိမိတို့ facebook အတွက်
ဒီဇိုင်းကို ရွေးချယ်ကြမယ်နော်... အဲအတွက်
သည်နေရာကို     ဆက်လက်သွားလိုက်ပါနော်... လိုခြင်တဲ့ ပုံစံတွေ ရွေူးချယ်ရမှာပါနော်




အဲလိုတွေ့တဲ့ ခါ မိမိ ထားလိုသော ဒီဇိုင်းကိုရွေးချယ်လိုက်ပါနော် ပြီးတာနဲ့အောက်ကပုံအတိုင်း မိမိရွေးထားသော ပုံလေးကျလာမယ် ညာဘက်က အပြာရောင်ထဲက install လိုက်ပါ...
ဘောက်လေးတစ်ခုတက်လာမယ်  တက်လာတာနဲ့ install ပေးလိုက်ပါ... ဒါဆို ထည့်ထားတဲ့ Addon မှာ ၀င်ပါမယ်  ok  ဆိုတာကလစ်လိုက်ပါ....


ပုံမှာ ပြထားသလိုပေါ့ မိမိလိုခြင်တဲ့ ပုံကို တွေ့တာနဲ့ ကလစ်ခိုင်းတဲ့နေရာကို ကလစ်ပေးလိုက်ပါ
ဒါဆို ပြီးတာနဲ့ မိမိတို့ facebook ကို ၀င်လိုက်ပါ  အိုးးးးးးးးးးးးးးးးးးးးးးးးးးလန်းနေပြီ
ကဲ အဆင်ပြေကြပါစေနော်

အသုံးပြု နည်းကတော့
=============
မိမိတို့ ဘောက်ဆာ အပေါ်မှာ Addon ပုံလေးမှာ down arrow လေးရှိပါတယ် အဲထဲမယ် ကိုယ်ရွေးချယ်ထားသလောက် ဒီဇိုင်းတွေကို တွေ့နေရပါမယ်....အမှန်ခြစ်လေးတွေ နဲ့ ပေါ့...သည်တော့ ကိုယ်က သုံးမဲ့ တခုကိုသာ အမှန်ခြစ်ပြပြီး  ကျန်တာတွေ ဖြုတ်လိုက်ပါ... အမျိုး မျိုး ပြောင်းလဲ အသုံးပြု နိုင်ပါတယ်နော်... ရွေးချယ်ပြီးတာနဲ့  Facebook ဘောက်ဆာကို reload  ပေးလိုက်တာနဲ့ ချိန်းသွားပါတယ်..

မိမိတို့ မလိုအပ်လို့ ပိတ်ခြင် Enable ဆိုတာ အမှန်ခြစ်ဖြုတ်လိုပါ ဒါဆို မူလတိုင်းဖြစ်ပါပြီ...
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..

Android ဖုန်းမှာ Facebook သုံးမရချိန် အဆင်ပြေအောင်သုံးနည်း

0
 မဂ်လာပါနော်.. သည်နည်းလေးကတော့ ကျွန်တော့် ညီလေး အောင်ကျော်ခိုင် မညက fb မှာတင်ထားပါတယ်.. လိုအပ်တဲ့ apk လေးတွေကို upload မပေးနိုင်တဲ့ လိုင်းအခြေနေကြောင့် ကျွတန်တော် ပြန်လည်  ကူညီ ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်.. မြန်မာပြည်မှ  ကိုကို..မမ..များအတွက် အထူး စိတ်ဝင်စားဖွယ်  နည်းလမ်းလေးတစ်ခုလို့ ထင်မိလို့ ပါ... ခုတလော VPN တွေ ခေတ်စားလာတာ တွေ့မြင်နေရတယ်...ေိေိ...ဒါကြောင့်ပါ ညီလေး အောင်ကျော်ကလည်း အကိုပြန်တင်ပေးပါဆိုလို့ တင်လိုက်ခြင်းဖြစ်ပါတယ်... အောက်မှာ နည်းလမ်းကို လေ့လာ ပြီး လိုအပ်တဲ့ APK ၂ ခုကို ဒေါင်း၍ အသုံးပြု နိုင်ပါပြီနော်

သတိ->> Location မတူသည့်အတွက် သင့်အကောင့် checkpoint စစ်ခံရနိုင်သည်
အခန့်မသင့်ရင် lock ကျနိုင်သည်

သုံးချင်တယ်ဆို OpenVPNconnect APK  ကိုအောက်မှာ ဒေါင်းလိုက်ပါနော်...

( or )


EasyOvpn လေးကိုတော့ အောက်မှာ ယူလိုက်ပါနော်...
( or ) 
 

ဒေါင်းလိုက်ပါ... play မရသူများ google မှာ နည်းနည်း ရှာဖွေလိုက်ပါ
(လိုင်းမကောင်းလို့ ပြန်မတင်ပေးနိုင်လို့ပါ)
ပြီးရင် ၂ခု စလုံး install လုပ်ပါ .....
EasyOvpn ကို ဖွင့်ပါ server ရွေးခိုင်းရင် US ဖြစ်ဖြစ် UK ဖြစ်ဖြစ်
အဆင်ပြေတာ ရွေးလိုက်ပါ ပြီးရင် accept လုပ် ပါ .. ထို့နောက်
Connect လုပ်ပါ ... I trust this application ကို အမှတ်ခြစ်ကာ
OK ပေးလိုက်ပါ ... ဆာဗာကို လှမ်းချိတ်နေပါလိမ့်မယ်
Open VPN Connected: ဖြစ်ပြီဆို အိုကေပါပီ (လိုင်းမကောင်းလျှင် ကြာတတ်သည်)
သင့် ဖုန်းက Facebook ကို ဖွင့်နိုင်ပါပြီခင်ညာ...

 

 

 


 အားလုံး ကျော်နိုင် ခွ နိုင်ကြပါစေလို့ ဆုတောင်း လျှက်....


<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Facebook v13.0.0.0.11 For Android

1
  Android Phone နဲ့ Tablet ကိုင်းဆောင်းသူများအတွက် Facebook v13.0.0.0.11Version သစ်လေးကိုတင်ပေးလိုက်ပါတယ်။

Facebook v11.0.0.0.11 for Android

0
 ဒီတစ်ခေါက်တော့
 Facebook version 11.0.0.0.11 အသစ်လေးထွက်ရှီလို့ လာပါတယ် … videos ဒေါင်းလို့မရသူများအတွက် ဒီ version လေးကိုအသုံးပြုပြီး ဒေါင်းနိုင်ပါတယ် …  အသုံးပြုရန်သင့်တော်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်updatedဖြစ်
တယ်ဗျာ။ဒီUpdateလေးကတော့ မိုက်တယ်ကွာ အားလုံးအဆင်ပြေတယ် မိုက်မှမိုက်ကွာ အားလုံးအဆင်ပြေမယ်လိုတင်မှတ်ပါတယ်သူငယ်ချင်းတို့ရယ်။

Facebook for Android v10.0.0.0.26 Apk for android(latest version)

0
နေလည်က  Facebook version 10.0.0.0.25 အဆင်မပြေဘူးပြောတယ် ဒီတစ်ခေါက်တော့
 Facebook version 10.0.0.0.26 အသစ်လေးထွက်ရှီလို့ လာပါတယ် … videos ဒေါင်းလို့မရသူများအတွက် ဒီ version လေးကိုအသုံးပြုပြီး ဒေါင်းနိုင်ပါတယ် … Home Settings များလဲပါဝင်လာခဲ့ပါတယ် … အသုံးပြုရန်သင့်တော်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်updatedဖြစ်
တယ်ဗျာ။ဒီUpdateလေးကတော့ မိုက်တယ်ကွာ အားလုံးအဆင်ပြေတယ် မိုက်မှမိုက်ကွာ အားလုံးအဆင်ပြေမယ်လိုတင်မှတ်ပါတယ်သူငယ်ချင်းတို့ရယ်။

Facebook v10.0.0.0.24 (For Android)

0
Facebook UnOfficial အသုံးပြုသူများအတွက် 5.7.2014 ရက်နေ့မှာ Version အသစ်ထွက်ရှီလို့ တင်ပေးလိုက်ပါတယ်ခဗျာ … မိမိဖုန်း၏ Lock Screen မှာပါ Facebook post တွေကြည့်ရှုနိုင်သည့် အချက်အလက်များအပြင် အခြားသော အချက်လက်များစွားတို့နှင်အတူ update ပေးခဲ့ပါသည်။

Facebook V 8.0.0.26.24 For Android(latest version)

0

Android phone/Tablet ကိုင်ဆောင်သူများအတွက် ဧပြီလ(24)ရက်နေ့ထွက် Facebook version အသစ် .Facebook v 8.0.0.26.24ကိုတင်ပေးလိုက်ပါတယ်။အခုအသစ်ထွက်ဗားရှင်းမှာ Android phone သုံးသူများအတွက် photo comment ပေးခြင်းများလည်းအဆင်ပြေပြီး

Facebook_ v9.0.0.0.25(test version)

0
facebook က​တော့ထပ်​ပြီး​ပေးလိုက်​ပြန်​ပြီ။
developer version app v9.0.0.0.25 ဖြစ်​ပါတယ်​-
-daily product လို့ဆိုရမလို​တောင်​ဖြစ်​​နေပြီ-
-apk ​တွေကို update လုပ်​ရမှ​ကျေနပ်​မယ့်​ ​ဘော်​ဒါများအတွက်​ တင်​​ပေးလိုက်​ပါတယ်​-
-error က​တော့မရှိသ​လောက်​ပါပဲ။

Facebook v.8.0.0.15.24 (Offical)

0
facebook Offical Version 8.0.0.15.24 ထွက်ရှီပါပြီဖြစ်သွားတင်ပေးလုက်ပါတယ် သူငယ်ခင်းတွေကပြောကြတယ် ခဏခဏ updateတွက်နေတယ်နောက်တော့လည်း udateများလာလိုမသုံးတော့ဘူးဒီပြောတယ် ဗျာ အားကြီးရည်ရတယ် ခိခိခိ...ဟုတ်ပြီးသုံးချင်းတယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ် အသုံးပြုမယ် ဟာမသိရင်ဒီမှာ ကြည့်လိုက်ပါနော်
Download Here
===

အားလုံးအဆင်ပြေပါစေ 

Facebook v 9.0.0.0.18 for android(latest version)

0
Android phone/Tablet ကိုင်ဆောင်ပြီး Facebook အသုံးပြုသူများအတွက် ယနေ့(1.4.2014)ထွက် Facebook v 9.0.0.0.18 ကိုတင်ပေးလိုက်ပါတယ်။အခုဗားရှင်းမှာ Facebook ရဲ့ UI အပြောင်းအလဲကို တွေ့မြင်ရမှာဖြစ်ပါတယ်။
noti bar အပြောင်းအလဲနဲ့အတူ Facebook ဗားရှင်းအသစ်အသုံးပြုလိုသူများ အတွက်အောက်မှာဒေါင်းပါတယ်ဗျာ
Download Here
===

အားလုံးအဆင်ပြေပါစေ။ 
   

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော် မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

်face book ထဲကသူငယ်ချင်းတွေရဲ့ gmail ကိုကြည့်ကြရအောင်ဗျာ

0

ခုကျွန်တော်တင်ပြပေးမှာကတော့ face book ထဲကသူငယ်ချင်းတွေရဲ့ gmail အကောင့်တွေကိုသူငယ်ချင်းတို့သိချင်မှာပေါ့။ ကျွန်တော်လဲတခါတုန်းကအရမ်းသိချင်ခဲ့တာဗျ
အဲဒါနဲ့ပဲဟိုမွေဒီမွေနဲ့လိုက်မွေလိုက်တာ..တွေ့လာပါတယ်ဗျာ..facebook ထဲကသူငယ်ချင်းတွေရဲ့
gmail အကောင့်တွေကိုစချင်လို့ပဲဖြစ်ဖြစ်  သူတို့တွေမသိပဲကိုယ်ကပဲနောက်သလိုလိုနဲ့ပြောချင်တယ်
ဆိုရင်တော့ဒီဆော့ဝဲလေးကသင့်ကိုကူညီပေးပါလိမ့်မယ်။
ကဲလိုချင်ရင်တော့   ဒီက ဒေါင်းလိုက်နော်။
ဒေါင်းပြီးရင်တော့ run လိုက်ပေါ့ ။
ပြီးရင် face book ထဲကို sing in ၀င်ပြီး ကိုယ့် page ကို copy လုပ်ရမယ်ဗျအောက်ကပုံလေးကိုကြည့်လိုက်
ပါနော်



copy ယူပြီးသွားရင်တော့  atomic email hunter  ထဲမှာ  paste လုပ်လိုက်ပါ။



ရပြီဆိုတော့ start ကို နှိပ်လိုက်ပါ.ဒါဆိုရင် သင့်ရဲ့ link ကို scan ရိုက်နေတာ
 တွေပါလိုက်လိမ့်မယ်။

ခဏလောက်စောင်လိုက်ပါ .။  Queue ဆိုတာကတော
 facebook ရဲူ့link တွေဖြစ်ပြီးLog ကတော့ စာမျက်တွေ 
အရေအတွက် နဲ့  Search ကတော့ gmail . yahoomail
 ရှာပေးတာဖြစ်ပါတယ်။

ဒီလောက်ဆို အဆင့်ပြေပါလိမ့်မည်လို့  မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ လဲ  ပျော်ရွင်ခြင်း ပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။













0
Facebook အသုံးပြုသူတွေအနေနဲ့ Facebook ပေါ်ကနေပြီး Free Call
 ခေါ်ဆိုပေးနိုင်တဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။
Facebook Account တစ်ခုရှိထားရုံနဲ့ အခုတင်ပေးလိုက်တဲ့ Application
လေးကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Viber လိုမျိုး Code
 စောင့်စရာမလိုပါဘူး Install လုပ် ပြီးအသုံးပြုရုံပါဘဲ။
Viber ထက်ပိုကောင်းတဲ့အချက်ကတော့ Phone To Phone , Phone To 
PC , PC to PC ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Device အားလုံးမှာ
အသုံးပြုနိုင်အောင် Android OS , IOS , Window OS ,
MAC OS အတွက် ခွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Free Call 
တစ်ခုတည်း မဟုတ်ပါဘူး Free Chatting ပါလုပ်နိုင်ပါတယ်ဗျာ။
လိုချင်ရင်တော့  ဒီက  ဒေါင်းလိုက်နော်

Facebook ပေါ်တွင် Animation ပုံတင်နည်း

1


ဖေ့ဘွတ်သုံးတဲ့ သူများအတွက်ပါ..ဒီနည်းလေးကိုသိပြီးသားသူကတော့ ရှိမှာပါ.မသိသေးသူအတွက်ရည်ရွယ်
ပြီးတော့ တင်ပေးလိုက်ပါတယ်..မိမိတို့ အကောက်ထဲမှာအပုံကိုလူတိုင်းလိုလိုတင်ထားဒါကိုတွေ့ ပါတယ်
အပုံကိုဒီအတိုင်းတင်မဲ့ အစား..အခုလိုအပှုံရင်လေးတွေရှိရင်တင်လိုက်ရင်ပိုပြီးအမြင်ဆန်းနေအောင်ပါခင်ဗျာ
စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အောက်မှာပုံတွေနဲ့ သေချာရှင်းပြထားပါတယ်..လိုက်လုပ်ကြည့် ပါ..အဆင်
ပြေမယ်လို့ မျှော်လင့် ပါတယ်..အရင်ဆုံး..ဒီလင့်  https://apps.facebook.com/gifcast    လေးထဲကို
အရင်ဝင်ပေးပါ....

Lock ကျသွားသာ Facebook အကောင့်ကို ပြန်လည် ရယူနည်း

0
ကျွန်တော့်သူငယ်ချင်းတွေမေးနေခဲ့တာပါ။ ကျွန်တော်လည်း Facebook မကိုင်တော့ အတွေ့အကြုံက သိပ်မရှိပါဘူး။ ခုတော့ အနာရှိရင် ဆေးရှိတယ်လေ။ ကိုမင်းစိုးရာဇာဆီက ကူးတာပါ။ သိစေချင်လို့ ဝေမျှလိုက်ပါတယ်ဗျာ။ အောက်ပါအတိုင်းသေချာဖတ်ကြည့်ပါ။ ကျွန်တော် ခေါင်းစဉ်လေးပဲပြင်ထားပါတယ်။
http://pyae-phyo.blogspot.com


ဘာကြောင့် မိမိ၏ Facebook အကောင့် Lock ကျသွားပါသလဲ?

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 

မိမိ၏ Facebook အကောင့် Lock ကျနေစဉ် မလုပ်သင့်သော အရာများ (Don't!)

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

Facebook Account Lock ကျရင် ဘယ်လိုမျိုးဖြေရှင်းမလဲ? ဘယ်လိုမျိုးများ သတိထားသင့်သလဲ?

 ဒါကြောင့် အကောင့်လော့ကျတဲ့အခါ  အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List  ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။


Facebook Account ပြန်လည်ရပြီးရင် သတိထားဖို့...!?


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းအမျိုးမျိုးကြောင့် Facebook Account Lock ကျသလဲ?


လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ Spam အကောင့်အတွက် Facebook account အသစ်လုပ်နေတဲ့သူရှိပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အထက်ပါ အချက်များကို သိစေလိုပါတယ်ဗျာ။

အဆင်ပြေပါစေ။


Credit : minsoeyarsar.com
Edited : pyae-phyo.blogspot.com

Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

0
 Photo: Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။ ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။


07:15AM Yangonthar
 

Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို


့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။

ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။

Gmail စစ်ရင်း Face book နဲ့ Twitter ကိုအသုံးပြုနိုင်ပါပြီ ။

0


07:15AM Yangonthar
ဂျီမေးစစ်ရင်း Face book က New feeds တွေကို ကြည့်လို့ရပါတယ် သူကအသစ်တက်လာတဲ့
New feeds တွေကိုလည်း အော်တိုပေါ်ပါတယ် ပြိးတော့ Like နဲ့ Comment လည်းပေးရပါတယ် Share တော့လုပ်မရပါဘူး
အခု Add-ons က beta ဆိုတော့ နောက်ဗားရှင်းအသစ်တွေ ထွက်လာရင်တော့ လုပ်ဆောင်ချက်တွေ ပိုစုံလာမယ်လို့တော့ မျှော်လင့်ပါတယ် အဲလိုအသုံးပြုဖို့အတွက်
  ဒီမှာ  Add-ons ရယူပါ

ကိုယ်အသုံးပြုတဲ့ ပရိုဂရမ်ကိုရွှေးပါ ကျွန်တော်ကတော့ Firefox နဲ့ အသုံးပြုပြီးရှင်းပြသွားပါမယ်ခင်ဗျာ
ပုံမှာ အတိုင်းပေါ်လာပြီးတော့ Firefox ထဲကို add-ons ထည့်လိုက်ပါInstall လုပ်ပြီးတော Firefox ကို restar လုပ်လိုက်ပါ အဲဒါဆိုဂျီမေးဖွင့်လိုက်တဲ့အခါ အဲလိုပုံလေးအတိုင်းတွေ့ရမှာပါ မှာမှာပြထားအတိုင်း သုံးခုလုံးကို အမှတ်ပေးလိုက်ပါ အဲဒါဆိုအခုလို ဂျီမေးရဲ့ နံဘေးမှာ ဘောက်လေးတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ် အဲမှာ Face book နဲ့ Twitter ကို ရွေးပြီး အမှတ်လေးပေးလိုက်ပါ
ပြီးရင်ခလေးစောင့်လိုက်ပါ  Facebook  log in ဆိုပြီးတွေ့ရပါမယ် အဲဒါကို ကလစ်လိုက်ရင်
ပုံမှာပြထားအတိုင်း တွေ့ရမှာဖြစ်ပါတယ် face book အကောင့်ဝင်ပြီးသားဆိုရင် မတွေ့ရပါဘူး
မ၀င်ရသေးရင်တွေ့ရမှာပါ မိမိအကောင့်နဲ့ဝင်လိုက်ပါ

log in face book ကိုကလစ်လိုက်ပါ ပြီးရင်
allow ကိုကလစ်လိုက်ပါ အဲဒါဆိုရင်
အခုလိုပုံလေးအတိုင်းတွေ့ရမှာဖြစ်ပါတယ်  မေးစစ်ရင်း face book လည်းအသုံးပြုနိုင်ပါပြီ အဆင်ပြေပါစေဗျာ
Facbook အသုံးပြုတဲ့သူငယ်ချင်းများခင်ဗျာအမျိုးကောင်းသား ထဲဝင်ပြီးတော့ Like ခြင်းဖြင့်အားပေးပါလို့ တောင်းဆိုပါတယ် :) အမျိုးကောင်းသားမှတဆင့် ဝေမျှပါတယ်။

Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ

0
 


07:35AM Yangonthar
ပြန်လည်မျှဝေခြင်းဖြစ်သည်။



Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ။



Facebook တွင် ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထားအသုံးပြုကြပြီး အခြားဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ ရပါသည်။ ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင်ပါဝင်ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာသို့ ၁၀၀ရာခိုင်နှုန်းပြောင်းလဲမှုပြုလုပ်ပေးပြီးဖြစ်ပါသည်။ သို့ သော် တချို့ စကားစုများမှာ voting စနစ်မပြီးသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပါ။ မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဘက်ရှိ စက်သွားပုံ (setting) အောက်ရှိ account setting သို့ သွားပါ။
ထို့ နောက် General > Language တွင် edit ကို နှိပ်ပါ။ ထို့ နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။



Language တွင် မြန်မာဘာသာမပါရှိသူများ အနေဖြင့် https://www.facebook.com/translations သို သွားရောက်၍ ညာဘက်အောက်ခြေတွင် ရာခိုင်နှုန်းပြထားသော translation ခလုတ်ကို နှိပ်ပြီး turn on translation ကို နှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

How make to easy facebook account

0
16:25PM Yangonthar
Facebook အကောင့်တစ်ခုအလွယ်ပြုလုပ်ကြရအောင်။ လိုအပ်လို့တောင်းဆိုလာသူတွေအတွက်ပါ။
ပုံ 1..။။ ပထမဆုံး - google search မှာ www.facebook.com လို့ရိုက်လိုက်ပါ။ စတားလေးတွေနဲ့ လုပ်ဆောင်ရမယ့် အချက်လေးတွေညွှန်းထားပါတယ်။စတားအတိုင်း နှိပ်သွားလိုက်ပါ။

ပုံ 2  ... ။ ဒီစာမျက်နှာကိုရောက်လာရင် facebook မှာအသုံးပြုမယ့်မိမိနာမည်ရဲ့ Fname နဲ့ Lname
ဖြည့်ပါ။ ပြီးရင်မိမိရဲ့ gmail အကောင့်ထည့်ပါ။ 2ခါထည့်ရပါမယ်။ပြီးရင် ကိုယ်အသုံးပြုမယ့် pass ထည့်ပါ။
@#$%*[!  ဒါတွေနဲ့ပေါင်းထည့်ရင် ပိုကောင်းပါတယ်။
ပြီးရင်မွေးနေ့ ထည့် ၊ ပြီးရင် အထီးလားအမလား
( အဲမှားသွားလို့ ) ယောင်္ကျားလေးလား ၊ မိန်းကလေးလား ပေါ့။ ပြီးရင် singup ။

ပုံ 3..။။ ဒီမှာလည်း skip နဲ့ပဲကျော်သွားလိုက်ပါ။


ပုံ 4.. ။ skip /

ပုံ 5..။ စတားပြထားတဲ့အတိုင်းပဲ။ မိမိရဲ့ပညာရေး၊အလုပ်အကိုင်၊နေ၇ပ်၊မြို့နယ်

ပုံ 6..။ ဘယ်သူတွေသူငယ်ချင်းအပ်ချင်သေးလဲ။နောက်မှအပ်လည်းရပါတယ်ခင်ဗျာ။
စတားအတိုင်းနှိပ်သွားလိုက်ပါ။


ပုံ 7..။ ဒီအဆင့်မှာ မိမိပုံထည့်ပါမယ်။ စတားပြထားတဲ့အတိုင်းနှိပ်ပါ။ မထည့်ချင်လည်း skip ပေါ့။

ပုံ 8..။။ ပထမ စတားလေးက မိမိကွန်ပျူတာက ပုံယူဖို့အတွက် Browse ကိုနှိပ်ပါ။ ပေါ်လာသောဘောက်မှ
ပုံရှိရာကိုရွေးပါ။ ပြီးရင် open ။

ပုံ 10..။ အိုခေ ပြီးရင် စတားအတိုင်းပေါ့နော်။

ပုံ 11..။ ဒီလိုလေးပေါ်လာပါမယ်။ စတားပြထားတဲ့ မိမိနာမည်ကိုနှိပ်ပါ။

ပုံ 12..။။ မိမိရဲ့ မေးလ်ထဲမှာ စာရောက်နေပါပြီ။ စတားပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။

ပုံ 13..။  ဒါဆိုရင်အားလုံးပြည့်စုံပါပြီ။ ကျန်တာတော့ အပ်ချင်တဲ့သူငယ်လိုက်အပ်ပြီးလုပ်ချင်တာဆက်လုပ်ပါ။
အကောင့်တစ်ခု ပြီးမြောက်အောင်မြင်သွားပါပြီ။

                                          Facebook  အသုံးပြုနည်း Ebook  မကြာခင်တင်ပေးသွားပါမည်။

အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်