ဓာတ်ပုံမှာ ကိုယ်ပိုင်အမှတ်အသားထည့်မယ်

0
8:45PM Yangonthar
အရင်က ဓာတ်ပုံတစ်ပုံမှာ ကိုယ်ပိုင်အမှတ်အသားထည့်ရင် Photoshop နဲ့လုပ်ရတာဖြစ်ပြီး ဖြတ်၊ညှပ်၊ကပ်
နေတာနဲ့တင် အချိန်တော်တော်ကြာနေတတ်ပါတယ်။ အခုပြောပြချင်တဲ့ Software က Photoshop ကို
ဖွင့်စရာမလိုဘဲ တစ်ခါတည်း ကိုယ်ပိုင်အမှတ်အသားထည့်၊ ဓာတ်ပုံပေါ်မှာ စာလည်းရိုက်၊ ဖိုင်ဆိုက်တွေ
ကိုလည်း လိုသလို ချုံချဲ့လို့ ရပါတယ်။ ဒါတင်မကဘဲ ဓာတ်ပုံဘေးမှာ ရှိတ်တို့ ဘာတို့လည်း ထည့်ပေးလို့
ရပါတယ်။ အဲဒီလိုမျိုး ကိုယ်ပိုင်အမှတ်အသားထည့်တာတို့၊ ဓာတ်ပုံပေါ်မှာ စာရိုက်တာတို့ လုပ်ရုံနဲ့ ဓာတ်ပုံရဲ့
အရည်အသွေးကိုလည်း ကျမသွားအောင် ထိန်းပေးနိုင်စွမ်းရှိတဲ့ Software လေး တစ်ခုပါ။
အဲဒီ Software လေးကို Window ရယ်၊ MAC ရယ်၊ Linux ရယ်အတွက် 32 Bit နဲ့ 64 Bit ဆိုပြီး ခွဲထုတ်
ပေးထားပါတယ်။ Software နာမည်က Xnconverter ဖြစ်ပြီး Freeware လေးတစ်ခုဖြစ်တဲ့အတွက်
အသုံးပြုသူတိုင်းအတွက် အဆင်ပြေစေမှာပါ။အသုံးပြုချင်သူတွေအတွက်ကတော့
www.xnconvert.com / http://www.xnconvert.com/ ကို ၀င်ရောက်ပြီး Down နိုင်ပါတယ်။။