Showing posts with label gmail. Show all posts
Showing posts with label gmail. Show all posts

gmail အကောင့် free ဖွင့်ကြဦးစို့

0
မရဘူးလို့ပြောလို့ နောက်တစ်နည်းတင်ပေးလိုက်ပါတယ်ဗျာ။

 ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့ ပုံတွေကိုက သက်သေခံနေပါလိမ့်မယ်
ဒါပေမယ့် .. ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..
သဘောတရားအရ သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..


ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .

Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း

0
6:35PM Yangonthar
 Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. တစ်ချို့ ဆို

၎-၅-၆ ခုထိရှိတာတွေ့ ဖူးပါတယ်.ဒီလို အကောင့်တွေများတော့ အကောင့်သစ်

ဖွင့်တဲ့နေရာမှာ Ph number တွေတောင်းလာတယ်...  အခုဆို Gmail အသစ်

ဖွင့်ဖို့ တော်တော်ကို  ခက်ခဲသွားပါပြီ..... .အခုတင်ပြချင်တာက   အကောင့်အ

ဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို   အကောင့်အသစ်ကို  တစ်ယောက်

ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။  အကောင့်တစ်ခု က သူငယ်ချင်း

အကုန်လုံးကို နောက်အကောင့်  တစ်ခုကို   ပြောင်းထည့်တာပေါ့ ။   အရင်ဆုံး

gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle

တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail

,inbox တို့ အပေါ်မှာ  Contact ဆိုပြီး ရှိပါတယ် ။  အဲ့ထဲကို ၀င် ..  ။အဲ့ဒါဆိုရင်

အဲ့မှာ  ကိုယ့်သူငယ်ချင်းတွေ  အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More

Action ဆိုတဲ့  နေရာလေးကို
နှိပ် ပြီးရင်  export ...။ အဲ့လို export လုပ်လိုက်

ရင်တော့  google က  ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။    သူ့ အလို

လို .csv file ကို  ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။  တစ်နေရာရာမှာ save

လိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့   အကောင့် အသစ်ထဲကို ၀င် ..။ ခုန က

အဆင့်တွေအတိုင်း ပြန်သွား ။  ပြီးရင် More Action   ထဲမှာ   Import ကို နှိပ်

။ပြီးရင် ခုန က  ဒေါင်းလုပ် လုပ်ထားတဲ့   google.csv file ကိုရွေးပေးလိုက်ရင်

မိမိရဲ့ အကောင့်အဟောင်းထဲက  သူငယ်ချင်းတွေ   အားလုံးအကောင့်အသစ်

ထဲကိုတစ်ဦးချင်းစီ  လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။
 မူရင်း လင်ခ့်  ကိုသွား ချင်တယ်ဆိုရင်တော့ အိမ်မက်၏လက်တော်များ ကိုသွားလိုက်ပါ   ဒီပိုစ့်ရဲ့ လင်ခ့်ကို  တိုက်ရိုက်ချိတ်ပေးထားပါတယ်   ခင်ဗျာ..

Gmail IP Spy (ဂျီမေးလ်မှာကိုယ်တဲ့ချက်တဲ့သူရဲ့နေတဲ့နေရာကိုသိချင်ရင်)

0
9:45AM Yangonthar

  တင်ပီးထားတာတော့တစ်ခုရှိပါတယ်ဒါပေမဲ့ဒီနည်းလေးက ပိုရှင်းလို့ပြန်ထပ်တင်ပေးလိုက်ပါတယ်Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ  ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။  ပထမဆုံးတစ်ခု  က Spypig ပါ။

၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ စိတ်ကွယ်ရာမရှိပါဘူး။

G mail နှစ်ခုဖွင့်ကြည့်ရအောင် ..

0
10:35PM Yangonthar
ကိုယ့်ဆီမှာ က G mail က နှစ်ခု ရှိတယ် .. ဒါပေမယ့် mail ကိုဝင်တော့ကျတော့ တစ်ခုကိုဝင်လိုက် ပြီးနောက်တစ်ခုကိုဝင်မယ်ဆိုတော့လည်း ၀င်ထားတဲ့ဟာကို ထွက်လိုက် .. ဆိုးပြီ .. အဲလိုမျိုး အခက်အခဲလေးတွေ ကို အဆင်ပြေအောင်လုပ်လို့ရပါတယ် .. အခု add-ons ကလေးကိုသာ firefox မှာ install လုပ်ပေးထားလိုက် .. ကေတယ်ဗျာ ..ကဲဒါဆိုရင် အရင်ဆုံး add-ons ကလေးကိုထည့်လိုက်ဗျာ ...

https://addons.mozilla.org/en-US/firefox/addon/1320

ထည့်ပြီးသွား ရင် firefox ကို restart ချလိုက်ပေါ့ .. ချပြီးသွားပြီဆိုရင်တော့ .firefox=>tool=> add-on ကိုနှိပ်လိုက်ရင်စောစောက သွင်းလိုက်တဲ gmail manager ကိုတွေ့ရပါ့မယ် .. အဲဒီကနေပြီးတော့ option ကိုရွေးလိုက်ပါ .

Browser ရဲ့ status bar မှာလည်း Gmail manager icon လေးပေါ်နေပါလိမ့်မယ် ..

‘All account settings ကိုသွားလိုက် ပြီးရင် တော့ ကိုယ့် ရဲ့ account ကလေးတွေကိုဖြည့်လိုက်ပါ.. password တော့ မှန်အောင်ဖြည့်နော် ..computer ဖွင့်တိုင်း မှာ စပြီးတော့ လုပ်ချင်တယ်ဆိုရင်တော့ start up ကိုရွေးပေးလိုက် .
တက်တာနဲ့သူဘာသာသူ လေး net ချိတ်အောင်လုပ်ပေးလိမ့်မယ်ဗျာ ...ဖယ်ထုတ်ချင်ရင်လည်းဖယ်ထုတ်လို့ရပါတယ် ..ကိုယ်ဖွင့်ချင်တယ်ဆိုရင်တော့ tab ကလေးတွေ ဖွင့်ပြီးတော့ account တစ်ခုချင်းစီကို ဖွင့်လိုက်ပေါ့ ..စမ်းပြီးတော့သုံးကြည့်ပေါ့ .. အောက်မှာ ပုံကလေးတွေ ပြထားပါတယ် ..အဆင်ပြေပါစေ...













မောင်လုလင်မှတဆင့်ဖော်ပြသည်

Gmail Hacking နဲ့ ပတ်သတ်သမျှ

0
8:05PM Yangonthar


Intro:

ဒီပိုစ့်သည် Tutorial လဲမဟုတ်ပါ ဆောင်းပါသက်သက်လဲမဟုတ်ပါ...။

Gmail passwords are 100% safe or not?

Gmail နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ယုံတမ်းပုံပြင်တွေကော...တကယ့် အဖြစ်အပျက်တွေကောအမျိုးမျိုး မှန်သမျှကျွန်တော် ကြားဘူးပါတယ်....။Gmail နဲ့ ပတ်သက်ပြီတော့ ဘယ်လိုလုံခြုံအောင်ကာကွယ်ရမလဲ ဘယ်လိုများ Attacking လုပ်ရမလဲတွေကော အမျိုးမျိုးပါပဲ........။
Gmail နဲ့ ပတ်သက်ပြီတော့ ဘယ်လိုလုံခြုံအောင်ကာကွယ်ရမလဲ ဆိုတဲ့ ပို့စ်တွေကိုအများကြီးဖတ်ဘူးပါတယ်

သူတို့သိသလောက်ရေးထားပေမယ့်လိုအပ်ချက်တွေအများကြီးရှိသလို တစ်ချို့ ပိုစ့်တွေလဲ တော်တော်ပြည့်စုံပါတယ်.......။ဒါပေမယ့် သင့် Gmail Password ကကော 100% လုံခြုံရဲ့လား လုံခြုံအောင်ဘာတွေကိုလုပ်ဆောင်ရမလဲ.........။Hacker တွေကသင့် Gmail password ကို ဘယ်လို တိုက်ခိုက်တတ်သလဲ ........ဒါတွေကိုကော သင်လေ့လာဘူးပါလား........။

 Gmail Hacking is 100% work or not?

သင်သည် Gmail Account တစ်ခုကို hacking လုပ်ဖို့ လွယ်ပါ့မလား......Gamil account name တစ်ခုရ
ရုံနဲ့ အဲဒီ Gmail ကိုတိုက်ခိုက်လို့ရမလား.....လို့တွေးဘူးပါသလား။ တခြား နည်းတွေ phishing စတဲ့ နည်း တွေကကော အသုံးဝင်ပါသလား.......။ကျွန်တော်ကတော့ကျွန်တော့် အတွေ့ အကြုံအရ online ပေါ်မှာ gmail hacking tutorial တွေကော gmail hacking tools တွေကောအများကြီးတွေ့ဘူးပါတယ်...။တစ်ချို့ဟာတွေအဆင်ပြေသလိုလိမ်ညာမှုတွေအများကြီးကြုံ ဘူးခဲ့ပါတယ်.........။တချို့ tool တွေဆိုရင် account နာမည်သိရုံနဲ့ တိုက်ခိုက်နိုင်တယ်လို့ ရေးသာထားကြ ပါတယ်.....။အဲဒါတွေကော တကယ်ဖြစ်နိုင်ပါသလားး........။

Theory:

Gmail သည် 100% လုံခြုံသော online base mail ဆားဗစ်ဖြစ်ပါသည်။...ဟုတ်တယ်လေဒါလောက်မှ မလုံခြုံဘူးဆို google နာမည်ပျက်ရုံ ရှိမှာပေါ့။ဒါဆိုရင်ကော ဘာလို့ Gmail.Gtalk အကောင့်တွေ Hack ခံရသလဲ မေးကြပါလိမ့်မယ်........။ခိုးခံရတယ် ဆိုတာ သင်တို့ရဲ့ Low level အတွေ့အကြုံ၊ အသိညဏ် ၊
အတွေးအခေါ် တို့ဖြစ်ကြပါတယ်.....။တစ်ခါတစ် internet ဆိုင်တွေမှဆိုရင် ဇော်ဂျီ ဖောင့်နဲ့ password ရိုက်နေပြီး အကောင့်ခိုးခံရတယ်လို့ ထထအော်တာခဏတိုင်းကြုံ ဘူးပါတယ်.....။အဲ လက်စသပ်ပြောရရင် တော့ Gmail အကောင့်သည် ၁၀၀% လုံခြုံပါသည် ၁၀၀%လည်း Hacking လုပ်နိုင် ပါသည်......သင်အသုံးအကျရင်ပေါ့.....။သင်နည်းနည်းအတွေ့ကြုံနည်းတယ်ဆိုရင် အောက်ကဆောင်းပါတွေ ကိုဆက်လက်ဖတ်ရှုနိုင်ပါသည်.....။Gmail အကောင့်ပါသွားသူများလဲ အတွေအကြုံ ကောင်းတွေရရန် ဆက်ဖတ်နိုင်ပါသည်.......။Gmail အကောင့်ပါသွားသူများ ဒီပိုစ့်ကို အဆုံးထိဖတ်ပြီး သင်တို့ဘယ်လောက် မှာခဲ့ကြသလဲ ဆိုတာ သင့်တို့ကိုသင်တို့ ပြန်သုံးသပ်နိုင်ပါသည်........။
========================================================
Methods of Gmail hacking
========================================================
Password Crack;

ဒီ Method အတိုက်ခံရသူများ သည်...password ရွေချယ်မှုညံ့သောကြောင့်ဖြစ်ပါသည်.....။ဒီ Method တွင်အောက်ပါ အတိုင်းခွဲခြားလေ့လာနိုင်ပါသည်......။
======================================================== 
(1) Dictionary Attack




ရှင်းပါတယ် password တွေကို Dictionary အတိုင်းတိုက်စစ်တာပါ။ Dictionaryထဲမှပါတဲ့ စကားစုတွေကို
သင်အသုံးပြုမယ်ဆိုရင် သင်သည် တကယ့်အညံ့ဆုံး password ရွေးချယ်မှုဖြစ်ပါတယ်..ဥပမာ "vampire"
တို့လိုစကာလုံးမျိုးကိုအသုံးပြုသူတွေဆိုပါတော့..။တအားကိုညံ့လွန်းပါတယ်....။ခဏလေးနဲ့ passwords cracking လုပ်နိုင်ကြပါတယ်..........။
=========================================================
(2) Number Crack






ဒီနည်းက ကန့်သက်ချက်ရှိပါတယ်..။ဥပမာ သင့်သားကောင်ရဲ့ account password က နံပါတ်တွေနဲ့သာပေးထားရင်တော့ .သင့်အတွက်ရွှေပါပဲ......။account password တွေက နံပါတ်တွေဖြစ် ပြီး 4 လုံးကနေ 8 လုံးအတွင်းဖြစ်ပါက အရမ်းကိုလွယ်ကူသော password ဖြစ်ပါတယ်....။
အရမ်းလဲအားနည်းပါတယ်.........။ဒါကြောင့် password တွေကို နံပါတ်တွေကြီးမထားသင့်ပါဘူး.....။အရမ်း အရမ်းကို အားနည်းပါတယ်.......။
========================================================
Brute-force cracking



Password cracking method ထဲမှာလူသုံးအများဆုံးနဲ့ ကျွန်တော်စိတ်မရှည်ဆုံးဖြစ်ပါတယ်....။အကောင်း ဆုံးပေမယ့် ဒီနည်းက password တွေကို တစ်ကြောင်းခြင်း တိုက်စစ်တာဖြစ်လို့ အချိန်ပေးရသလို dictionary words တွေနဲ့ Number တွေပေါင်းထားတဲ့ password တွေကို အသာလေး cracking လုပ် နိုင် ပါတယ်.....။ ဥပမာ vampire2006 လိုဟာမျိုးပေါ့...။ဒီ Method လိုအပ်သလဲလိုရင် Word list တွေနဲ့ brute-force cracking tool လိုအပ်ပါတယ်.....။ဒီနေရာမှာ Word list ဆိုတာကိုရှင်းပြမှရ မှာပါ......။

*Word list*

Word list ဆိုတာ ကျွန်တော်တို့ password ကိုတစ်ကြောင်းခြင်းတိုက် စစ်ဖို့ စာလုံးတွေကိုစုစောင်းထားတဲ့ ဖိုင်လေးပါ....။ .txt ဖိုင်လေးဖြစ်ပါတယ်......။ကျွန်တော့်ဆီမှာ 1.5million word list တွေရှိပါတယ်...။အဲဒါ ကို ဒီမှာသွားဖတ်နိုင်ပါတယ်.......။http://www.shweko.co.cc/2011/12/15million-word-list.html
======================================================= 
brute-force cracking နဲ့ပတ်သက်ပြီသိချင်သေးတယ်ဆိုရင်လဲ ဒီမှာ သွားဖတ်နိုင်သေးပါတယ်...။ tool တွေကောရှိပါတယ်.....လိုချင်ယူသွားနိုင်ပါတယ်.......။
http://www.shweko.co.cc/search/label/Brute%20Force
======================================================= 
ဘယ်လိုကာကွယ်ရမလဲ

အားကောင်းသော password ဖြစ်ရန် မှတ်ရခတ်လောက်အောင်.....အရှည်ကြီးလဲမလိုပါ...အနည်းဆုံး 8 လုံးထားသင့်ပါတယ်......။upper case တွေ၊ စာလုံးအကြီးတွေ ၊ နံပါတ်တွေ သာမန်စကာလုံးတွေကို ရော
ညှပ်သုံးပါ.......။ဥပမာ Mm@ttAck3& ဆိုတဲ့ပုံစံမျိုးပေါ့ ......။ဒီလိုမျိုးဆိုရင် ဘယ် Brute Force attack မှ မတိုက်နိုင်ပါဘူး......တိုက်လဲ အိုသေတော့မှရပါလိမ့်မယ်.......။ဟုတ်တယ်လေ တစ်လုံးချင်း တစ်ကြောင်း ချင်းတိုက်စစ် တာပဲ ဒါမျိုးစကားစုဆိုတာ အတော်ရှား ပါတယ်....။wrod list ကို ဘီလီယံ ချီပြီးတော့ရှိမှ အဆင်ပြေပါလိမ့်မယ်....။ပိုပြီလုံချင်ရင် password ကိုတစ်ပတ်တစ်ခါမပြောင်းနိုင်တောင်မှ တစ်လတစ်ခါ ပြောင်းသုံးသင့်ပါတယ်........။သင့် password ကဘယ်လောက်လုံချုံသလဲဆိုတာ..ဆိုက်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။အောက်ကလင့်ကိုသွားလိုက်ပါ။
http://www.passwordmeter.com/
အလကား၊အခမဲ့အသုံးပြုခွင့်ပေးထားတာပါ။
အောက်မှာကျွန်တော်စမ်းသပ်ထားတာပါ။ 100% ရအောင်လုပ်ပါ။သူကဘာတွေလိုအပ်သလဲဆိုတာပါ
ဝေဖန်ပေးပါလိမ့်မယ်။


For Attacker : အားနည်းတဲ့ password ဆိုရင် 80% လောက် Attack ပြုလုပ်နိုင်ပါတယ်။
For User : အားနည်းတဲ့ password ဆိုရင် သေခြာပေါက် crack ခံရမှဖြစ်ပါတယ်.....။

 နောက် Method တစ်ခုပြောင်းကြည့်ရအောင်....။
========================================================
Phishing Method



Phishing ဆိုတာ web စာမျက်နှာအတုဖြစ်ပါတယ်...Gmail စာမျက်နှာဆိုရင် လဲ တကယ့် Gmail စာမျက် နှာနဲ့ ပုံစံတူဖြစ်ပြီး.....ကိုယ်က Gmail အစစ်ထင်ကာဝင်ရောက်လိုက်သူတွေအတွက် user name တွေ password တွေ ကို attacker ရဲ့ hosting base ကိုရောက်ရှိသွားတာပါ...။များသောအာဖြင့်
Phishing မှာ ဖိုင်သုံးဖိုင်ပါဝင်ပြီး ပုံစံတူ စာမျက်နှာအတုဖိုင် (html ဖိုင်)၊ ပြီးရင် user name တွေ password တွေလက်ခံဖို့ (txt) ဖိုင်တစ်ခု၊ အဲဒီလို user name တွေ password တွေ (txt) ဖိုင်ထဲေ၇ာက် ဖို့လို့ ညွန်ကြားမယ့်....web base programing ဖိုင်ဖြစ်တဲ့ (php) ဖိုင်တစ်ခု အားလုံးပေါင်း (၃)ခုပါဝင်ပါတယ်။ကျွန်တော်တစ်ခါက ကိုယ့်နိုင်ငံ က social network ဆိုဒ် တစ်ခုမှာ Phishing အကြောင်းရေးဘူးပါတယ်..။ ဘယ်လိုအပြောခံရသလဲ ဆိုရင် phishing ဆိုတာကလေးကလား နည်းတစ်ခုပဲတဲ့ .....ပြောချက်ကရင်နင့် စရာပါ....။ကျွန်တော်လဲ စောက်မြင်ကတ်ကတ် နဲ့ php source ကိုချပြပြီပေါ့ သူ့ကို ကလေးကလားဆိုရင် ဒါလေးကို ရှင်းပြပေးပါလားလို့ ပြောတော့ အဲဒီငနာက အတီးအတ ဖြစ်သွားတယ်......။ဟုတ်တယ်လေ သူတို့သိတဲ့ phishing ဆိုတာဖိုင်တွေကို ဒေါင်လုပ်ချ ပြီး
ရင် Hosting ပေါ်တင်ပြီသုံးကြမယ်ပေါ့....ဒါပါပဲ...ဘယ်လိုလုပ်ဆောင်သလဲလိုဆိုသိတဲ့သူရှားပါတယ်.....။
Phishing က ကလေးကလားဆိုရင် Paypal စာမျက်နှာလေးကိုပဲတူအောင်လုပ်ကြည့်။phising ဆိုတာ ကလေးကလားဆိုပြီး တချို့ ကပြောချင်ကြတယ်.. အမှန်တကယ် သူလည်းသူ့ ပညာနဲ့ သူပါပဲ ... တချို့ ဆို gmail, facebook တင်မကဘူးး ... paypal, visa, libertyreserve စတဲ့ online money transfer နဲ့ ပတ်သက်နေတဲ့ ဆိုကဒ်အတုတွေတောင် လုပ်ကြပါတယ်.. တချို့ ကလည်အးလွယ်ပြောတယ်.. phising ဆိုတာလွယ်ပါတယ်တဲ့ index page မှာ source code ကို ဖွင့် link ပေးတဲ့နေရာမှာ နေရာလွဲပြီးတော့ ကိုယ့် hosting မှာ .txt ဖိုင်တခုနဲ့ သိမ်းလို့ ရရင်ပြီးရောပေါ့တဲ့ ... ကဲ .. အခု ... libertyreserve ဆိုက်ဒ်ကို လုပ်ကြည့်ပါ အဲ့လိုရရင် တစ်သန်းကြေးတောင် လောင်းလိုက်ချင်သေး ( နီကိုရဲ စတိုင်  ) liberty reserve မှာဆို ကိုယ့်အကောင့်ထဲရောက်ဖို့  pincode ပါဖြည့်ရပါတယ် ... login page ပြီး၇င် pincode page ရောက်သွားပါရောလား .. ဒါတောင် သူတို့ က keylogger ရန်ကို ကာကွယ်တဲ့ အနေနဲ့  pincode ကို OSK ( on screen keyboard ) လိုမျိုး click ထောက်ပြီးဖြည့်ခိုငိးတာပါ... ကဲ ခင်ဗျား လွယ်ပါတယ်လို့ ပြောတဲ့ phising အခုဘယ်လိုလုပ်မလဲ............။ကမ္ဘာပေါ်မှာ Bank အကောင့်တွေ တခြား online shopping ကောင့်တွေအများဆုံးအခိုးခံရတာ ဒီ Phishing နည်း ခုက္ခပေးတာပါပဲ.....။
ကျွန်တော်ရေးသာထားတဲ့ Phishing နဲ့ပတ်သက်တဲ့ပိုစ်တွေကို ဖတ်ချင်သေးရင်ဒီလင့်လေးက သွားဖတ်လိုက်ပါ........။

http://www.shweko.co.cc/search/label/Phishing
========================================================
ဘယ်လိုကာကွယ်ရမလဲ

Gmail phishing page ကို online ပေါ်မှာနဲ့ local network area မှာကော အသုံးပြုကြပါတယ်....။
local network area or internet cafe တွေမှာဆိုရင် Browser(ဥပမာ mozilla firefox) တွေရဲ့Home
page မှာ Gmail phishing page ကိုတင်ထားခဲ့ကြပါတယ်....။online ပေါ်မှာကတော့ social Engineering ကို အသုံးပြုရတာဖြစ်ပြီး .ဥပမာသင့်မေးထဲကို " မင်းအကောင့်ကိုငါဟက်ပြီးပြီ မယုံရင် ပြန် ကြည့်ဆိုပြီး "သူ့ Gmail phishing page ကိုလင့်ပေးတာမျိုးပေါ့...။တစ်ခါတစ်ရံ နာမည်ကြီးတဲ့ "social network ဆိုက်တွေမှာ gmail ကနေ ဆက်သွယ် ချင်ရင်" ဆိုပြီးတော့သူ့ Gmail phishing pageကို လင့် ပေးထားတတ်ကြပါတယ်....။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါပဲလုပ်လုပ် Gmail phishing page address က ဘယ်လိုမှ http://mail.google.com မဖြစ်နိုင်ပါဘူး ။ mail.google.comဆိုတဲ့ Domain Name ဘယ်လိုမှ အတုလုပ် လို့ မရပါ......။ဆင်တူတာတွေတော့လုပ်လိုရပါတယ်....။ဥပမာ  mialgoogle.co တို့ဘာတို့ပေါ့...။တစ်ခါ
တစ်လေ ဗရုတ်သုတ်ခ domain တွေတောင်ရှိသေးတယ်..../ ဥပမာ ။     ။jellket.36nnet.com ဆိုတာမျိုး တွေပေါ့.......။တစ်ခါတစ်လေ google url shorter ကိုသုံးပြီး လင့်ကို ပုံပြောင်းထားတတ်ကြပါ
တယ်........။
ဘယ်လိုပဲဖြစ်ဖြစ် Gmail သုံးမယ်ဆိုရင် address ဘားကို အရင်ကြည့်ပါ.....။ Gmail address မဟုတ်ရင်
မ၀င်ပါနဲ့.....။ သေချာအောင် Gmail သုံးမယ်ဆိုရင် mail.google.com ဆိုပြီးကိုယ်တိုင် ရိုက်ပြီး အသုံးပြု ပါ.....။သူများပေးသောလင့်များ...ကိုယ်ထိုင်သောစက်မှာအော်တို ပေါ်လာသော Gmail page များကိုသေချာ address bar ကိုသေခြာ ကြည့်ရှုလေ့လာပြီမှာသုံးပါ...။
========================================================
For Attacker : မိမိ  Phishing Page ကို မိမိသားကောင်အနေနှင့်သေခြာပေါက် အသုံးပြုခဲ့လျှင် 100% အကျိုးပြုပါသည်...။အာနည်းချက်မှာ URL ကိုကြည့်ရုံနဲ့ အရမ်းသိသာပါသည်......။
For User :  internet အသုံးပြုတဲ့ အခါမှာ Gmail မှာမဟုတ်ပါဘူး ../ မိမိ အသုံးပြုသောဆိုက်မှန် သမျှကို
ဆိုက် Address အမြဲ တမ်းစစ်ပါ.....။ဒါလေးမှ စစ်ဖိုမေ့နေလျှင် အကောင့်ပါသွားတာသင့်ပြစ် 100% ပါဝင်ပါသည်......။ဒီ Method ကိုကာကွယ်ရန် အနည်းငယ်မျှသော အတွေ့အကြုံ သာလိုပါသည်...။

နောက်တစ်ခုဆက်သွားရအောင်
========================================================
Using Tools
========================================================
(1) Keylogger

Keylogger ဆိုတာဟာ Keyboard မှရိုက်သော password များ...စကာလုံးများ မှတ်သာပေးသော tool ဖြစ်ပါသည်...။တစ်ချို့ ဆိုလျှင် မိမိဝင်ကြည့်သော web page များအပြင် မိမိ အသုံးပြုနေစဉ် screen shots ပါရိုက်ပေးထားတတ်ပါသည်...။နောက်ပြီး တစ်ချို့ဆိုလျှင်.....မိနစ် အပိုင်းအခြားအလိုက် Attacker တွေဆီကို report ပြန်ပေးတတ်ကြပါသေးသည်......။
========================================================
ဘယ်လိုကာကွယ်မလဲ

Deepfreeze လိုဆော့ဝဲမျိုးကို အသုံးပြုပါ....။အသုံးပြုပြီ စက်ပိတ်လိုက်လျှင် keylogger မှမှတ်ထားသမျှ ပျောက်ကုန်မည်.....။နောက်ပြီး window os တွင်ပါဝင်သော screen keyboard ကိုသုံးပါ..။manual keyboard  မဟုတ်သောကြောင့် မိမိ password များကိုမှတ်သာနိုင်မည်မဟုတ်ပါ...။
screen keyboard အသုံးပြုရန်  start>>Accessories>>Accessibility>>On-screen keyboard လို့
သွားပြီးအသုံးပြုပါ.....။ Intetnet cafe များတွင် ပိုပြီးသတိထားပါ......။
========================================================
(2)မိမိအမှားများ

တစ်ခါတစ်လေမိမိ အမှာများကြောင့် password များကျန်နေခဲ့တတ်ကြပါသည်..။တစ်ချို့ကလည်းသေချာ ကျန်အောင်လုပ်ထားတတ်ကြပါသည်.....။ထိုကဲ့သိုကျန်နေခဲ့လျှင် ...... password အမဲလုံးလေးများကို password viewer များအသုံးပြုပြီးတော့ စကာလုံးများ အဖြစ် ဖေါ်ယူကြည့်ရှုနိုင်ပါတယ်.......။အောက်က
လင့်ကနေ အသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ပါသည်.........။
http://www.shweko.co.cc/search/label/passwoard%20viewer
========================================================
ဘယ်လိုကာကွယ်မလဲ


Gtalk ပဲသုံးသုံး Gmail ကိုပဲ သုံးသုံး remember password ဆိုတာလေးကို အမှန်ချစ်ဖြုတ်ပါ....။
internet cafe တွေမှာဆိုရင် deepfreeze ရှိမှသုံးပါ အသုံးပြုပြီး စက်ကိုပြန်ပိတ်ခဲ့ပါ....။Browser ကိုသုံးပြီး
ရင် Tools>>Clear Recent History>>Time range to clear ကို Everthing ပြောင်းပြီး အမှန်ချစ် အကုန်ထည့်ပြီး clear now ကိုကလစ်ပြီး သင့်၏ခြေရာလက်ရာတွေကိုအကုန်ရှင်းခဲ့ပါ.......။
========================================================
မှတ်ချက်။        ။တခြား hacking tools တွေအများကြီးရှိပါတယ်....။အချိန်မရလိုဒီလောက်ပါပဲ..။ဒါဆိုရင်ကို
တော်တော်လုံလောက်ပါတယ်........။ 
========================================================
For Attacker :Keylogger လို Tools တွေသုံးပြီးလုပ် တာဆိုတာခပ်ညံ့ညံ့Attacker တွေလုပ် တာဖြစ်ပါတယ်...။အားမပေးချင်ပါဘူး....။သားကောင်းရဲ့ စက်မှာ Deepfreeze လိုဆော့ဝဲကောင်းတွေတင်
ထားရင်ဘာမှာလုပ်မရပါ.....။
For user : အတွေ့ အကြုံ အပြင် ဗဟုသုတ အနည်းငယ်လိုသလို စာများများဖတ်ဖို့လိုပါတယ်.....။
နောက်ဆုံးကိုဆက်ကြည့်လိုက်ရအောင်.....။ 
========================================================
Social Enginnering




အယုံသွင်းတာပါ.....။computer အတွေ့အကြုံ အခေါ်အဝေါ် အနည်းငယ်မျှသိရုံမျှဖြင့် လူတစ်ယောက်ကို အယုံသွင်းပြီ လိမ်လည်လှည့်စားခြင်းဖြစ်ပါတယ်.....။လူဆိုတာ အင်မတန်ကို အသိခေါက်ခက် အ၀င်နက်ပါ တယ်.....။ဥပမာဝါသနာတူ ။အကြိုက်တူတဲ့ပုံစံမျိုးနဲ့ အေ၇ာ ၀င်ပြီး နှိက် သွားကြတာပါ...။လူဆိုတာ အယုံ လွယ်ဆုံး သတ္တ၀ါမဟုတ်လား........။Social Enginnering ကကျယ်ပြန့်ပါတယ် ကျွန်တော်ပြောသလောက်
မက အများကြီးအသုံးပြုနိုင်ပါတယ်......။ကျွန်တော်တစ်ခါကြုံဘူးပါတယ်......။ ဈေးဝယ်တဲ့ ဆိုက်တစ်ခုထဲ ကျွန်တော်သွားတယ်ဗျာ(မမှတ်မိတော့်ပါဘူး)...အဲဒီမှာ ၀င်ကြည့်သူလူဦးရေ 10000 ပြည့်လိုဆိုပြီးဒေါ်လာ 10000 သင်ဆုရတယ်ဆိုပြီးပေါ်လာတာ......လူကိုဖလန်းဖလန်းထသွားတာပဲ.....။နောက်ပြီး paypal ဆိုက်ကိုညွန်ထားတယ်...။သင့် paypal အကောင့်ထဲကို လွဲပေးမယ်ပေါ့.။ကျွန်တော်ကအဲဒီအချိန်တုန်းက online စသုံးတတ်ခါစ ဈေးဝယ်တဲ့ ဆိုက်ထဲဝင်တာဆိုတာလဲ မိုဘိုင်းတွေ လိုက်ရှာကြည့်တာ.......။လားလား paypal ဆိုက်အတုကိုညွန်းထားတာဗျ.....။တော်သေးတာပေါ့ ကျွန်တော်ကဒီနိုင် ငံကဆိုတော့ paypal နှင့် ဘာမှ ဆိုင်ဘူးရယ်......အဲဒါကြောင့် ဟီး.....။လူ့လောဘာကိုအသုံးချပြီး အယုံသွင်းသွားတာလေ......။
ဘယ်လိုကာကွယ်ရမလဲဆိုတာကတော့ သင့် password ကိုသင်ကိုယ်တိုင်အသုံးပြုပါ....။ဘယ်သူ့ကိုမှ ပေး
မသုံးပါနဲ့.....။online ပေါ်မှာ ဘာမှမယုံပဲ သေခြာ ညဏ်သုံးတာအကောင်းသုံးပါပဲ လိုပြောရင်းးးးးးးး
ကျွန်တော်ဆက်မရေးနိုင်တော့လို့ တော်ပြီလို့ပဲပြောချင်ပါတယ်.......။
ဒီစာကိုဖတ်တဲ့သူတိုင်း နုံ၊အ ခြင်းမှာကင်းနိုင်ကြပါစေလို့..........။
ဘီဂင်းနား Hacker လေးတွေလည်းအတွေအကြုံရပါစေလို့.......။

ဘာမျှမတတ်သော........။
credit to shwekoyantaw
http://www.shweko.co.cc
http://shwekoyantaw.blogspot.com

Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ။

0
7:45PM Yangonthar
’Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ’*
ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက်
ရေးပေးလိုက်တာပါ ဘာပညာမှတော့
ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့်
ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် *Protocol Secure*
ကိုယ့်အကောင့်ကို *Changing the HTTPS setting* သို့ပြောင်းပါ HTTPS
*(Hypertext Transfer Protocol Secure) *ဆိုတာက *HTTP (Hypertext Transfer
Protocol)* ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက *secure protocol*
ပါ
လုပ်ရတာလွယ်ပါတယ်

(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings* ထဲကို ၀င်လိုက်ပါ
(၃) *General* မှာ *Browser connection * မှ *Always use https* ကို
မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး *Save Changes* လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း *http:// *မဟုတ်တော့ပါဘူး *https://*
ဖြစ်နေတာကိုတွေ့ရမှာပါ
ဒုတိယအဆင့် Password
မိမိ အကောင့် *password *ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ*( password
)*ဆိုတာမျိုးထက*်( pAssWord123SeCurE )*လို့ပေးနိုင်ရင် အကောင်းဆုံးလို့
Google ဆိုထားပါတယ် နောက်ပြီး အကောင့် *password ကို တနှစ်မှာ အနည်းဆုံး
နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password
တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ်*
မိမိနှစ်သက်သလို ရွေးချယ်ပါ
တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် *password *မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ်
အခြားသူတယောက်က မိမိအကောင့်ကို *password recovery *လုပ်ပြီးအခိုးမခံရအောင်
မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော *recovery *အကောင့်ကို
များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ်
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့်
*Recovery* ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings *ထဲကို ၀င်လိုက်ပါ
(၃) *Account and Import *မှ အောက်ဆုံးမှာရှိသော *Google Account setting* မှ
*Visit your Google Account setting *ကလစ်နှိပ်ဝင်ပါ
(၄) *Personal Settings *အောက်မှ *Change password recovery options* ကို
ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနို
င်ပါသည်။
ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ *Google နှင့်
အဆင့်မြင့်နည်းပညာသုံး ပညာရှင်များသာလျှင်*
မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။
ဒီနည်းလေးတွေကဖတ်ဖူးတာကိုပြန်လည်မျှဝေတာနော်။အဆင်ပြေကြပါစေသူငယ်ချင်းတို့။
မှတ်ချက်။ ။
*အထက်ပါ အကြောင်း အရာများသည် နည်းလမ်းတစ်ခုသာဖြစ်ပါသည်။ လုံးဝ စိတ်ချယုံကြည်
နေရမည်ဟု မဆိုလိုပါ။အဆင်.မြင.်နည်းပညာများအမြဲဆက်လက်တည်ရှိနေအုံးမည်ဖြစ်သောကြောင်.ဖြစ်ပါတယ်
အားလုံးကိုလေးစားစွာဖြင်. .....................နေဇော်

gmail အခက်အခဲ ကိုဖြေရှင်းနည်း ပုံစံပြောင်းသွားတဲ့ gmail { 2 }

0
8:45PM Yangonthar
gmail မှာ အရင်လို မဟုတ်တော့လို. စိတ်ညစ်နေတဲ့ သူတွေအတွက်ပါ
ကျတော် gmail လည်း ပြန်ပြောင်းနေတယ် ဒါကြောင့် အရင်ကဆိုရင်တော့ {  try  } ကနေသွားရပါတယ် အခုနောက်ပိုင်းတော့ 
{  try  } ကနေ မဟုတ်တော့ဘူး ဒါကြောင့်မို.ကျတော်တို.တွေ အခက်အခဲတွေဖြစ်နေတက်ပါတယ်
ဒါကြောင့်မို. နောက်တစ်မျိုးပြောင်းသွားတဲ့ gamil ကို နောက်တစ်မျိုးပြန်ပြောင်းလုပ်ရမှာဖြစ်ပါတယ်
ပုံပါအတိုင်း စမ်းကြည့်လိုက်ပါ
သိသူ လေးဘက်ထောက်ပြိးသွား မသိသူ လမ်းလျှောက်သွားပေါ့ဗျာ နော် ဟီးဟီးနောက်တာနော် စိတ်မဆိုးကျေးနော်
လုပ်ပြိးလို.ပြန်ပြောင်းရင်ပြောင်းတက်ပါတယ်နော် ကျတော်ပြထားပေးတဲ့ အတိုင်းပြန်သွားလိုက်ပါ။။
ကဲ့ စမ်းကြည့်ကျရအောင်နော်


လုပ်ပုံလုပ်နည်းကိုတော့ အောက်မှာပြထားပေးပါတယ်
သူငယ်ချင်းများအားလုံး အဆင်ပြေမယ်လို.မျှော်လင့်ပါတယ်
{  1  }


 {  2  }

{  3  }   နေရာမှာ တချို.မေးလ်တွေတော်တော် များက  Revery to the old look temporarily စာကြောင်းလေး မပါလို တကယ်လို.
မပါခဲ့ဘူးဆိုရင်လည်း အဲဒီအတိုင်းပဲ ထားလိုက်ပါ အဆင်ပြေသွားမှာပါ ချက်မေးလ်လည်း ပြန်ကြည့်အဆင်သွားမှာပါ

{  4  }

{  5  } ကဲ့ သူငယ်ချင်းများအားလုံးပဲ အရင်အတိုင်းပြန်အဆင်သွားပြိးနော် ကျန်တာတော့ ကိုယ့်မေးလ်ကို ပြန်စမ်းကြည့်လိုက်ကျပေါ့ဗျာ
သူငယ်ချင်းများ အားလုံးပဲ နှစ်သစ်မှာ ကိုယ်ဧ။်ကျမ်းမာခြင်းစိတ်ဧ။်ချမ်းသားခြင်းနဲ.ပြည့်စုံပါစေ....ဗျာနော်





Mail တစ်ခုနဲ့တစ်ခု အမြန်ကူးကြည့်ချင်ရင်

0
7:35PM Yangonthar

ကျွန်တော်တို့ ပုံမှန်အတိုင်းဆို လက်ရှိကြည့်နေတဲ့ Mail ကနေ Mail Box ကို နောက်ပြန်

 ထွက်ထွက်နေရပါတယ် ..တစ်ကယ်လို့ ဒီ Feature On ထားမယ်ဆိုရင်တော့ လက်ရှိကြည့်နေတဲ့ Mail

 ကနေပဲ  နောက်Mails တွေဆီကို တစ်ခုပြီး တစ်ခု ကူးသွားလို့ ရပါတယ်။ လုပ်ရမယ့်နည်းလေးကတော့

လက်ရှိရောက်နေတဲ့ Mailကနေ နောက် Mail တစ်ခုကို ဘယ်ညာသွားလိုက်ရင် နောက်စာနဲ့ ရှေ့စာကို

 Inbox ခံပြီး ပြန်စရာမလိုပဲ ရောက်ပါလိမ့်မယ်..





>>ပထမဦးဆုံး Mail Settings ထဲကို ဝင်ပါ..

>> Labs ကို နှိပ်ပါ...

>> Mouse gestures ကို ရှာပြီးတော့ Enable လုပ်ပေးလိုက်ပါ..

အောက်မှာပုံလေးနဲ့ ပြပေးထားပါတယ်...




ပြီးရင်တော့ Save Changes ပေါ့နော်...... ပျော်ရွှင်ပါစေ.......


Gmail Password ပျောက်ဆုံးသွားပါက ပြန်ရယူနည်းလေး ပါ..........

0
7:25PM Yangonthar


ကျွန်တော် Gmail password ပျောက်သွားပါကပြန်ယူနည်းကိုပြောပြချင်ပါတယ်။
ယခု password ပြောင်းပြီးပြန်ဖွင့်မရသော ပြသနာအားဖြေရှင်းနိုင်လိမ့်မည် ထင်ပါသည်။

အရင်ဆုံး Gtalk လေးကိုခေါ်လိုက်ပါ။
username နဲ့ password ဖြည့်တဲ့အကွက်အောက်က Forgot your password ? ကို click လိုက်ပါ။
ထို့နောက် Email ထည့်ခိုင်းပါမည်။ မိမိပျောက်သွားသော mail ကိုထည့်ပါ။
Type the characters in the box ဆိုပြီး အောက်ကစာလုံးများကိုရိုက်ခိုင်းပါမည်။ ထည့်လိုက်ပါ။

ထိုအခါ 1. Email to …….@gmail.com
           2. Answer your security question
           3. I no longer have access to these ဆိုပြီး ၃ခုထဲမှ ရွေးခိုင်းပါမည်။

နံပါတ် ၁  - မိမိ recovery လုပ်ထားသောမေးလ်ထဲကို reset link ပို့ပေးခြင်းပါ။                                
နံပါတ် ၂ -  မိမိအကောင့်လုပ်စဉ်ကဖြည့်ခဲ့သော security answer ကိုဖြေခြင်းပါ။

အထက်ပါ၂နည်းလုံးတွင် အခက်အခဲရှိသူများအတွက် နံပါတ် ၃နည်းကို တင်ပြပေးပါမည်။
I no longer have access to these ကိုရွေးလိုက်ပါ။ ထိုအခါ page ၁ခု ကိုရောက်သွားပါမည်။
-An email address we can use to contact you ဆိုတဲ့အကွက်တွင် မိမိလက်ရှိအသုံးပြုနေသော
အကောင့် ၁ခုခု ကိုထည့်လိုက်ပါ။
(ထိုမေးလ်ထဲသို့ reset password link ပို့ပေးပါမည်။ မိမိပျောက်ဆုံးသွားသော မေလ်း မ ထည့် ရ ပါ။)

-Reenter email address ဆိုသောနေရာတွင်အပေါ်က ဖြည့်ထားသော မေးလ်ကိုပြန်ထည့်ပါ။
- ထို့နောက် I believe someone has taken overy my account ကိုရွေးပါ။
-Do you use gmail with this acc ဆိုသောနေရာတွင် YES ကိုရွေးပါ။
ထိုအခါ gmail username ကိုဖြည့်ခိုင်းပါမည်။ မိမိပျောက်ဆုံးသွားသော Emailကို ထည့်လိုက်ပါ။


-Email address of up to five frequently emailed contacts ဆိုသော
အကွက် ၅ကွက်တွင် မိမိပျောက်ဆုံးသွားသော အကောင့်ထဲမှာရှိသော gmail အကောင့် ၄ခုထည့်ပါ။
(၃ခုဆိုလည်း ရပါသည်။)

-ထို့နောက်အောက်တွင်ရှိသော မေးခွန်းများကိုကျော်ပြီး အောက်ဆုံးရှိ Account creation date ကိုသွားပါ။
Month, Year ဆိုပြီးရွေးခိုင်းပါမည်။
မိမိအကောင့်စလုပ်ခဲ့သည့် နှစ် နှင့် လ ကို ဖြည့်ရပါမည်။
အကယ်လို့ “လ” ကိုမမှတ်မိပါက ခန့်မှန်းပြီးထည့်လိုက်ပါ။
-Last successful login date ကတော့ သိပ်အရေးမကြီးပါ။
နောက်ဆုံးအကောင့်သုံးခဲ့သည့် ရက်ဆွဲကို ခန့်မှန်းပြီးဖြည့်လိုက်ပါ။


-ကဲ .... နောက်ဆုံးအဆင့်ကိုေ၇ာက်ပါပြီ။
Last password you remember ကတော့ မိမိနောက်ဆုံးသုံးခဲ့သည့် password ကိုထဲ့လိုက်ပါ။
-ပြီးနောက် submit ကိုနှိပိလိုက်ပါ။
ထိုအခါ gmail svr ကိုပို့လိုက်ပြီးဖြစ်ကြောင်းနှင့် ၂၄နာရီအတွင်း စာပြန်မည်ဖြစ်ကြောင်း တွေ့ရပါမည်။
-ပြီးနောက် An email address we can use to contact ဆိုသောနေရာတွင် ဖြည့်ခဲ့သည့် mail ကိုဖွင့် ၍
စောင့်နေလိုက်ပါ။ မိနစ်အနယ်ငယ်အတွင်း gmail မှ သင့်ထံ I can’t access my acc ဆိုသည့်ခေါင်းစဉ်နှင့် စာ
ရောက်လာပါမည်။
ဖွင့်လိုက်ပါ။



Good news -- you’re just steps away from regaining access to your account! To
begin the password reset process for your Google Account, click the link below:
ဆိုသော စာမျိုးရောက်လာပါက အိုကေသွားပါပြီ။


မိမိအကောင့်ကို reset pwd ချခွင့်ပေးလိုက်ပါပြီ။
Good news အောက်တွင်ပါသောလင့်လေးကို ကလစ်ပြီး new pwd and confirm pwd ကိုဖြည့်ပြီး
မိမိအကောင့်ပြန်ယူလို့ရပါပြီ။


အကယ်၍
Hi,

Good news -- you’re just steps away from regaining access to your account! To
reset your password and sign in, follow these steps:

Step 1:  Run a virus scan on all computers you use (you should do this on
a regular basis). Do this before changing your password to make sure your
computer doesn’t have any malicious programs trying to steal your password.

To view a list of available anti-virus software, visit
2. Enter your Gmail username into the 'Email address' field.
3. Enter the verification word.
4. Select 'Email to ****@***.com', then click 'Continue'.
5. Follow the instructions on the following page to finish resetting your password.

Step 3:  Once you’ve changed your password, make sure your password
recovery options are up-to-date by visiting
https://www.google.com/accounts/UpdateAccountRecoveryOptions

Step 4:  Secure your Google Account against unauthorized access by
following our step-by-step instructions at
In particular, check your Gmail settings (filters, forwarding, POP/IMAP) to
make sure your mail isn’t being forwarded to an account you don’t recognize.

We’re glad to have you back as a Google Accounts user again.

Sincerely,
The Google Account Recovery Team
ထိုကဲ့သို့ စာမျိုးရောက်လာပါက မိမိဖြည့်ထားသည်မှာ မမှန်ကန်ပါ။
ထို့ကြောင့်နောက်၁ခါထပ်ပြီး ပြင်၍ပို့ရပါမည်။
မိမိဖြည့်ခဲ့သည်များကို သေချာပြန်စစ်ပါ။
မိမိဖြည့်ခဲ့သော Account creation date သည်မှာနိုင်ခြေရှိသည်။
‘လ’ ကိုသေချာပြန်စစ်ပါ။ မသေချာပါကနောက်တစ်လပြောင်းပြီးထပ်စမ်းပါ။
Good news ဆိုသည့်စာ မရောက်မချင်းပို့ပါ။



မှတ်ချက်။ ။
တခါပို့လျှင်၁ပြိုင်နက်၂စောင်ထက်ပို၍ မပို့ရပါ။
ပို့ပါက svr က mail အများကြီးပို့ ၍လက်မခံကြောင်း စာရောက်လာပါမည်။
ထို့ကြောင့်မိမိမေလ်းထဲသို့ I can’t access my acc ဆိုသောစာ ရောက်လာမှသာ
နောက်၁ကြိမ် ထပ်မံပို့်သင့်ပါသည်။


အားလုံးအဆင်ပြေကြပါစေ။

gmail ကနေ လာမယ့်အချိန်တခု(ဥပမာ-မနက်ဖန်)ကို ကြိုတင်ပြီး မေးလ်ပို့ချင်ရင်

0
7:25PM Yangonthar

ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။




http://www.boomeranggmail.com/

install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။


အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း send later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။

ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။
ကျွန်တော်တော့ ချစ်သူဆီကို စမ်းပို့ပြီးပီ။ကျွန်တော်အိပ်နေတဲ့အချိန် မေးလ်ဝင်လာလို့ ချစ်သူကအံ့သြသွားတယ်ခင်ဗျ။ပြီးတော့ဝမ်းသာသွားတယ်။သူငယ်ချင်းတို့လဲ စမ်းသပ်ကြည့်နော်။
မြန်မာနိုင်ငံကတော့ အဆင်ပြေရဲ့လား သေချာမသိပါဘူး။စမ်းကြည့်ပေါ့နော် အလကားရတာဘဲ ဟုတ်ဖူးလား...

G-Talk အကောင့်မ၇ှိဘဲ Mail ပို့ နည်း

0
5:35PM Yangonthar
ဒီနည်းလေးကတော့ ၀ှတ်ဖဲလေး တစ်ချက်လိုပါဘဲ...
ကို့ ကိုမသိစေချင်လို့ ဘဲ ဖြစ်ဖြစ် .. မကောင့် ဖွင့်လို့ မရလို့ ဘဲဖြစ်ဖြစ်... အကောင့်မရှိလို့ ဘဲဖြစ်ဖြစ် ...ပေါ့
ဒီနည်းကိုအသုံးပြု့ ပြီး မေး ပို့ လို့ ရပါတယ် .. နည်းလေးကတော့..

1.http://www.note2email.com/write ဒီဆိုဒ်ကို အရင် ဖွင့်လိုက်ပါ။

2.Gmail Address နေရာမှာ မိမိပို့ချင်တဲ့ Gmail အကောင့်ကို ရိုက်လိုက်ပါ။

3.Title မှာကတော့ မိမိ ရေးချင်တဲ့အကြောင်းအရာ ရေးလိုက်ပါ။

4.Note နေရာမှာ မိမိ ရေးချင်တဲ့ ပို့ချင်တဲ့စာတွေကိုရေလိုက်ပေါ့ ။

5.Encryption Key နေရာမှာ ဘာမှ မရေးလဲရပါတယ်။

6.ပြီးရင် ပုံကို ကြိုက်နှစ်သက်ရာထပ်ရွေးလိုက်ပါ။

7.ပြီရင် Send It ကိုနိုပ်လိုက်ပါ။

mail ပို့တဲ့အခါ မေးလ်ထဲက စာသားနဲ့အတူ ပုံတွေပါထည့်ချင်ရင်

0
4:35PM Yangonthar
မိမိရဲ့ gmail ကို username and password ရိုက်ထည့်ပြီး အရင်ဝင်လိုက်ပါ.
မးလ်ထဲကို ရောက်သွားပြီဆိုရင် setting ထဲက Lab ကို သွားလိုက်ပါ. မသွားတတ်ဘူးဆိုရင် ဒီကို နှိပ်လိုက်ပါ. တစ်ခါတည်း ရောက်သွားပါလိမ့်မယ်.
ရောက်သွားပြီဆိုရင်တော့ အောက်ကပုံထဲကလိုမျိုး "inserting images" ဆိုတဲ့ lab ကို လိုက်ရှာလိုက်ပါ. တွေ့ပြီဆိုရင် ပုံထဲကအတိုင်းပဲ Disable ဖြစ်နေတာကို Enable ကို ရွေးပေးပြီးတော့ အောက်ဆုံးက "Save Change" ကိုနှိပ်ပေးလိုက်ပါ.
ကဲအားလုံးပြီးသွားပြီဆိုရင်တော့ မေးလ်ပို့ဖို့ Compose ကို နှိပ်ကြည့်လိုက်ပါ. အဲ့မှာ ပုံအစားသွင်းဖို့အတွက် insert image ဆိုတဲ့ ပုံလေးတစ်ပုံ တိုးလာတာကို တွေ့ရပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

0
8:25PM Yangonthar


Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail (၃)ခုလောက်ကို တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

[IMG]http://img1.imagehousing.com/54/48dc535685a4eb7b9a66d0b203cf5cf2.jpg[/img]

အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်

[IMG]http://img1.imagehousing.com/29/3ff30650aca75a804b0ff80020cf81fc.jpg[/img]

ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။

[IMG]http://img1.imagehousing.com/58/cee685b62404a7e7db9e43e6fe101bed.png[/img]

အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ

[IMG]http://img1.imagehousing.com/53/4bc3daf781726d768b813647af512a9a.jpg[/img]

ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account (၃)ခုလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင် ဖွင့်ထားတဲ့ အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။ အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ ကိုလည်း တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။
19 ယောက်ကြည့်သွားပါသည်။

Gmail အကောင့်ဖွင့်နည်းအသစ်လေးပါ...

0




Gmail account တွေကိုဒီလိုဖွင့်လို့ရနေပြီနော်... ပထမဆုံး www.gmail.com သို့သွားလိုက်ပါ......

ပေါ်လာတဲ့ထဲက Learn how ကိုကလစ်ပါ။


START THE INTERVENTION ကိုကလစ်ပါ။

ပြီးရင် ENTER YOUR CONTACT INFO အောက်မှာ သင်လက်ရှိသုံးနေတဲ့ Gmail address နဲ့ သင့်နာမည်ကိုထည့်ပေးပါ.. ENTER YOUR FRIEND'S CONTACT INFO အောက်မှာ သင့်အကောင့်ထဲမှာရှိတဲ့ သင့်သူငယ်ချင်းနာမည်နဲ့ Gmail address ကိုထည့်ပေးပါ။ ပြီးရင် NEXT ကိုကလစ်ပါ။
အပေါ်ကပေါ်လာတဲ့ထဲက SEND ကိုကလစ်ပါ။ပြီးရင်သင်၏မေးထဲသို့ စာတစောင်ဝင်လာပါမည်။ ထိုစာအားကလစ်ပါက အောက်ပါအတိုင်းထပ်မံပေါ်လာမည်။


ပေါ်လာတဲ့ထဲက Switch to Gmail ကိုကလစ်ပြီး သူငယ်ချင်းတို့လိုချင်တဲ့ Gmail account အသစ်ကို ပြုလုပ်နိုင်ပါပြီ။

အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်