How To Make Shadow Style

1

သူငယ်ချင်းတို့ကို ဓါတ်ပုံနောက်ခံအရိပ်လေးနဲ့ဘယ်လိုဖန်တီးတယ်ဆိုတာ ပုံနှင့်တစ်ကွအသေးစိတ်
ရှင်းပြချက်လေးကို တင်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်နဲ့အတူလိုက်လုပ်
ကြည့်ရအောင်...ပုံသေးနေရင်ပုံကိုနှိပ်ပြီးကြည့်ပါ။
ပုံ...1  ပထမဆုံး ပုံမှာပြထားတဲ့အတိုင်း File ကနေ New ကိုနှိပ်ပြီး 12-10 ,ယူလိုက်ပါ။


ပုံ..2 ။။ နံပါတ် ၁ ပြထားတဲ့အတိုင်း Edit ကနေ ပုံ၂ ပြထားတဲ့အတိုင်း Fill ကိုနှိပ်ပါ။ဘာလို့လဲဆိုတော့
ကျွန်တော်တို့နောက်ခံကို ကာလာအမဲယူမလို့ပါ။

ပုံ..3။။ ကျလာတဲ့ဘောက်ကနေ နံပါတ် ၁ ပြထားတဲ့ ကာလာကို အမဲယူပါမယ်။ပြီးရင် ok

ပုံ...4.။။ဒါဆိုရင်နောက်ခံအရောင်ကအမဲရောင်ဖြစ်သွားပါပြီ။နောက်ပြီး 4x6 နဲ့စာရွက်အဖြူ
တစ်ရွက်ထပ်ယူပါမယ်ပုံမှာပြထားတဲ့အတိုင်းပေါ့။

ပုံ..5။။စာရွက်အဖြူယူပြီးသွားရင် စာရွက်ပေါ်မှာကာလာတစ်ခုလုပ်ဖို့ နံပါတ် ၁ ပြထားတဲ့အတိုင်း
paint bucket tool ကိုရွေးလိုက်ပါ။ နံပါတ် ၂ ပြထားတဲ့အတိုင်း ကာလာအရောင်ရွေးဖို့ ကာလာကွက်
ပေါ်မှာတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် နံပါတ် ၃ ပြထားတဲ့ဘောက်လေးပေါ်လာရင် ကာလာနုနုလေး
တစ်ခုရွေးလိုက်ပါ။ကျွန်တော်ကတော့ ပန်းရောင်လေးရွေးလိုက်ပါတယ်။ နံပါတ် ၄ ကတော့ အိုကေပေါ့။

ပုံ...6 ။။ ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း ခုနကအဖြူစာရွက်ပေါ်မှာ တစ်ချက်ကလစ်လိုက်ပါ။
ဒါဆိုရင်ခုနကရွေးထားတဲ့ကာလာလေး ဖြစ်သွားပါမယ်။

ပုံ...7..။။ ပြီးရင်နံပါတ် ၁ ပြထားတဲ့ File ကနေ နံပါတ် ၂ ပြထားတဲ့ Save as နဲ့သိမ်းလိုက်ပါ။

ပုံ..8.။။ ပြီးရင် ခုနကသိမ်းထားတဲ့ ပုံကို ပြန်ခေါ်လိုက်ပါ။ နံပါတ် ၁ ပြထားတဲ့အတိုင်း Move tool
ကိုယူပါမယ်။နံပါတ် ၂ ပြထားတဲ့အတိုင်း ကာလာအကွက်ပေါ်ကနေ ဖိပြီး နံပါတ် ၃ ပြထားတဲ့
အမဲကွက်ပေါ် ဆွဲလာပြီး လွှတ်လိုက်ပါ။

ပုံ..9.။။ ဟုတ်ပြီ ဒီအဆင့်ထိရောက်ပြီဆိုရင် အမဲကွက်ပေါ်မှာရှိနေတဲ့ ခုနက ကာလာအကွက်လေးကို
သင့်တော်တဲ့အနေအထားလောက် နဲနဲကြီးလိုက်မယ် ထောင့်အနားစပ်လေးကို မောက်စ်တင်ပြီး
Shift ကီးကိုတော့ဖိထားပါ။လိုသလောက်ကြီးပြီးသွားရင် မောက်စ် ကိုအရင်လွှတ်ပြီးမှ Shift ကီးကို
လွှတ်ပါ။ ဘာကြောင့်နှိပ်ရလဲဆိုတော့ အချိုးစားညီအောင်လို့ပါ။ ရပြီဆိုရင် ကာလာကွက်ပေါ်မှာ
ညာကလစ်နှိပ်လိုက် ပေါ်လာတဲ့ဘောက်ကနေနံပါတ် ၂ ပြထားတဲ့အတိုင်း Distort ကိုနှိပ်လိုက်ပါ။

ပုံ..10..။။ ပြီးရင် အပေါ် ကော အောက်ရော နံပါတ် ၁ ပြထားတဲ့ထောင့်နေရာကနေ နံပါတ် ၂ ပြထား
တဲ့နေရာထိ ထောင့်ထိပေါ့ ဖိပြီးဆွဲသွားလိုက်ပါ။

ပုံ..11..။။ ပြီးရင် အနားသားတွေ ဖြတ်ထုတ်ထားတဲ့ PNG နဲ့save ထားတဲ့ပုံတစ်ပုံယူလိုက်ပါ။
နောက်ပိုင်းကျရင် အနားသွားတွေကိုဘယ်လိုလွယ်လွယ်ကူကူဖြတ်ထုတ်လဲဆိုတာ တင်ပြပေးပါမယ်။
ဒါဆိုရင် ပုံယူပြီးသွားရင်နံပါတ် ၁ ပြထားတဲ့အတိုင်း Move tool လေးယူပြီး နံပါတ် ၂ ပုံကိုထောက်ပြီး
နံပါတ် ၃ ပြထားတဲ့အတိုင်း မောက်စ် ဖိပြီးဆွဲလာလိုက်ပါ။ဒီလိုမျိုး ၂ ပုံဆွဲထုတ်လိုက်ပါ။

ပုံ..12.။။ နံပါတ် ၁ ပြထားတဲ့ ကာလာကွက်ထဲကပုံကို ခုနလိုပဲ ထောင့်လေးကနေ Shift ကီးနှိပ်ပြီး
နဲနဲလေးကြီးလိုက်ပါ။ ပြီးရင်ပုံပေါ်မှာ ညာကလစ်နှိပ်လိုက်ရင် ပေါ်လာတဲ့ဘောက်ကနေ နံပါတ် ၂ ပြ
ထားတဲ့အတိုင်း Distort ကိုနှိပ်ပါ။

ပုံ..13.။။ ပြီးရင် နံပါတ် ၁ ပြထားတဲ့ အလယ်အစက်နားကနေ နံပါတ် ၂ ပြထားတဲ့ဘက်ကို ဖိပြီး
ဆွဲသွားလိုက်ပါ။ ပုံကိုပြောင်းပြန်လှန်လိုက်တဲ့သဘောပါပဲ။

ပုံ..14.။။ နံပါတ် ၁ ပြထားတဲ့ပုံလေးကို အမဲကွက်ပေါ်ကပုံ နဲနဲလေးကပ်လိုက်ပါ။ နံပါတ် ၂ ပြထားတဲ့
နေရာ Opacity မှာ 100% ကနေ 30% လောက်ထားလိုက်ပါ။ဒါဆိုရင် ပုံလေးဟာ ကာလာအရောင်
လျှော့သွားတာတွေ့ရပါမယ်။
အိုကေ ဒါဆိုရင်တော့ ပုံလေးကပြီးသွားပါပြီ။ ထောင့်နားက ကြယ်လေးတွေကတော့ brush star action
လေးတွေနဲ့ဖန်တီးထားတာပါ။ ဘေးနားက စာကတော့ Horizontal Type Toll နဲ့မိမိရေးချင်တာရေးပါ။


နောက်တစ်ခေါက်ကျရင် အောက်ကပုံလိုမျိုး Brush Action လေးတွေကို ဘယ်လိုထည့်ပြီးအသုံးပြု
တယ်ဆို Action Software လေးတွေကိုပါ တင်ပေးပြီး ပြောပြပါ့မယ်။

                ဒီပိုစ့်လေးကို Movie နဲ့ရှင်းပြထားပါတယ်။ လိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။
                                               Download Now
                                             post by နည်းပညာမြို့တော်