0
11:15AM
Yangontharတောင်းဆိုထားတဲ့သူငယ်ချင်းရေ....Gtalk အသုံးပြုနည်းကိုအသေးစိတ်ရှင်းပြရရင်တော့ဆုံးနိုင်တော့မှာ
မဟုတ်ဘူး။ဒါ့ကြောင့်မိုးသောက်လုလင်ပြုစုရေးသားထားတဲ့ Gtalk & Gmail အသုံးပြုနည်းစာအုပ်ကို တင်ပေးလိုက်ပါတယ်။ဒါ့ပြင်နောက်ထပ်စာအုပ်တွေကိုလည်း စုပေါင်းပြီးထပ်တင်ပေးလိုက်ပါတယ်။
Filecould | Zippyshare | Dropbox | One2Up
Facebook ကိုဘယ်လိုအသုံးပြုရမလဲဆိုပြီးအခက်တွေ့နေသူတွေအတွက် အလွယ်ကူဆုံးအကောင့်ဖွင့်
နည်းကနေ သီချင်းတွေ VDO တွေတင်နည်းထိနောက်ဆုံးများစွာသောလုပ်ဆောင်ချက်တွေကို
လွယ်လွယ်ကူကူနားလည်ပြီးအသုံးပြုရလွယ်ကူအောင် စုကြည်ထွေးရေးသားပြုစုထားသည့်စာအုပ်
ဖြစ်ပါသည်။အားလုံးအတွက်တဆင့်ပြန်လည် ဝေမျှလိုက်ပါသည်။
Filecould | Zippyshare | Dropbox | One2Up
ကျွန်တော်တို့အသုံးပြုနေတဲ့ Google မှာလိုချင်တဲ့အရာ သွားချင်တဲ့ဝက်ဆိုဒ်တွေအမြန်ဆုံးနဲ့အလွယ်ကူ
ဘယ်လိုရှာရမယ်။ ပြီးတော့ မြောက်များစွာသော Google လျှို့ဝှက်ချက်တွေကို ဘယ်လိုသိနိုင်မလဲ..
လိုချင်၊ သိချင်တဲ့အရာကို ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့သင့်ရှေ့ရောက်လာအောင်ဘယ်လိုလုပ်မလဲ။
ဘ၀အတွက်ဘာတွေလိုအပ်လဲ.. Google မှာရှာဖွေကြည့်ပါ။ သင်ကိုယ်တိုင် ပါးစပ်အဟောင်းသားနဲ့
အံ့သြသွားစေရပါမယ်။အားလုံးအတွက် ဇေယျာစံ ရေးသားပြုစုထားတဲ့ Google ရဲ့လျှို့ဝှက်ချက်ဆိုတဲ့
စာအုပ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။
Filecould | Zippyshare | Dropbox | One2Up
ဌာနတစ်ခုမှာပဲဖြစ်ဖြစ်၊ အလုပ်ကိုင်တစ်ခုကိုသွားလျှောက်တော့မယ်ဆိုရင် မရှိမဖြစ်၊ မသိမဖြစ်သင်ယူတတ်မြောက်ထားရမှာကတော့ Excel ပါပဲ။ တစ်နည်းအားဖြင့် ထမင်းစား
လက်မှတ်တစ်ခုလို့ ကျွန်တော်ကတော့ တင်စားထားပါတယ်။ ကွန်ပျူတာတော့ အတော်အသင့်နားလည်ပါတယ်။ ဒါပေမယ့် Excel အခြေခံတောင်မသိထားဘူးဆိုရင်တော့
အားလုံးက ၀ုန်းကနဲ ပြိုကျသွားမှာပါပဲ။ ဘာလို့လဲဆိုတော့ ကွန်ပျူတာရဲ့ နည်းပညာအစိတ်အပိုင်းမှာလဲ
Excel ဟာလည်းအိမ်ကြီးတစ်လုံးလိုပါပဲ။
Filecould | Zippyshare | Dropbox | One2Up
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ကွန်ပျူတာအစိတ်အပိုင်း A+ အကြောင်းကိုအတော်အသင့်လောက်
နားလည်ထားဖို့လိုမယ်လို့ထင်ပါတယ်။ ကွန်ပျူတာမှာပါဝင်တဲ့ Hardware Section အကြောင်း၊ပြီးတော့
Third Party Tool တွေနောက်ပြီး Utilities တွေစတဲ့ System အပိုင်းတွေကို သိသင့်သလောက်တော့
နားလည်ထားဖို့လိုပါလိမ့်မယ်။ ဦးဇော်လင်း ရေးသားပြုစုထားတာပါ အခုအားလုံးအတွက်ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်။
Filecould | Zippyshare | Dropbox | One2Up
Windows ဆိုတာဘာလဲ ? Hacker ဆိုတာဘာလဲ ? Windows System တွေကိုအတွင်းကျကျဘယ်လို
လေ့လာမလဲ ? Security Password ဆိုင်ရာပြဿနာတွေကို ကိုယ်တိုင်ဘယ်လိုဖြေရှင်းမလဲ ? Program
တွေကို ဘယ်လို Installation လုပ်ရမလဲဆိုတာ အသေးစိတ်ရှင်းပြထားတဲ့စာအုပ်တစ်အုပ်ပါ။
ဒါကလည်း မရှိမဖြစ်၊ မသိမဖြစ်ဆောင်ထားရမယ့်စာအုပ်ကောင်းတစ်အုပ်ပါပဲ။ ကိုသန်းထိုက်မှရေးသား
ပြုစုထားခြင်းဖြစ်ပါတယ်။ အားလုံးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Filecould | Zippyshare | Dropbox | One2Up
ဒီနေ့တော့ ဒီလောက်ပါပဲ နောက်ထပ်ဆက်လက်ပြီး တင်ပေးသွားပါအုံးမယ်။ လိုအပ်သော Software
များကို CBOX မှာတောင်းနိုင်ပါတယ်။ လင့်သေနေတာတွေ့ရင်ကွန်မန့်ဘောက်မှာပြောခဲ့ပါအုံး။

















0Awesome Comments!