0
11:25AM
Yangontharသူငယ်ချင်းတို့ရေ Photoshop CS3 နဲ့ နောက်ခံအရောင်လေးရယ် ၊ အရိပ်လေးရယ် ဖန်းတီးကြည့်ရအောင်။
စိတ်ဝင်စားတဲ့သူငယ်များ ကျွန်တော်နဲ့အတူ လိုက်လုပ်ကြည့်ရအောင်။
ပုံ ၁...။ ပထမဆုံး ဖိုတိုရှော့စ်ကိုဖွင့်လိုက်ပါ။ပြီးရင် File ကနေ New နှိပ်ပြီး ပြထားတဲ့ဆိုဒ်အတိုင်း
(လိုချင်တဲ့ဆိုဒ်လည်းရပါတယ်) ဘတ်ဂရောင်းအတွက် Layer တစ်ခုယူလိုက်ပါမယ်။
ပုံ ၂...။။ နံပါတ်1ပြထားတဲ့အတိုင်း Gradiend Tool (G) ကိုယူပါမယ်။ နံပါတ်2 အတိုင်း မိမိကြိုက်ရာ
အရောင်တစ်ခုကိုယူပါ။ ကျွန်တော်ကတော့အပြာနုလေးယူလိုက်ပါတယ်။
ပုံ ၃...။။ နံပါတ် 1 ကနေဖိပြီး နံပါတ် 2 ဆီကိုဆွဲသွား လွှတ်လိုက်ပါ။
ပုံ ၄...။ ပြီးရင် မိမိတို့ထည့်ချင်တဲ့ပုံကို File >> Open ကနေသွားယူလိုက်ပါ။ နံပါတ် 1 ပြထားတဲ့
ယူလာတဲ့ပုံလေးကို Move Tool လေးကိုသုံးပြီး ဘတ်ဂရောင်း လေယာအကွက်ထဲကို ဖိပြီးဆွဲသွင်းလိုက်ပါ။
နံပါတ် 2 ပြထားတဲ့အတိုင်း အစွန်းလေးနေရာမှာ Mouse လေးတင်ပြီး ကီးဘုတ်ကနေ Shife လေးကိုဖိပြီး
အပေါ်ကိုလိုသလောက်ဆွဲတင်လိုင်ပါ.။
ပုံ ၅..။။ ပြီးရင် နံပါတ် 1 ပြထားတဲ့အတိုင်း Magic Wand Tool ကိုယလိုက်ပါ။ နံပါတ် 2 ပြထားတဲ့အတိုင်း
အဖြူေ၇ာင်ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာမှာတစ်ခုပြောချင်တာကတော့ အကုန်လုံး စလပ်မဖြစ်ဘူးဆိုရင် ကျန်ရှိနေတဲ့နေရာကို ကီးဘုတ်ကနေ Shift ကီးကိုနှိပ်ပြီး ကျန်တဲ့နေရာကို ထပ်နှိပ်ပေးပါ။
ပုံ ၆...။။ ပြီးရင် နံပါတ် 1 ပြထားတဲ့အတိုင်း Eraser Tool (E) နှိပ်ပြီး နံပါတ် 2 ပြထားတဲ့အတိုင်း
ပုံပေါ်မှာ အဖြူရောင်တွေကို လိုက်ဖျက်လိုက်ပါ။
ပုံ ၇...။။။ ပြီးရင် နံပါတ် 1 ပြထားတဲ့ ပုံရဲ့ လေယာကိုဖိပြီး နံပါတ် 2 ပြထားတဲ့ လေယာအသစ်ပွားတဲ့
ဘောက်လေးဆီကို ဖိဆွဲသွားပြီးလွှတ်လိုက်ပါ။
ပုံ ၈...။။ ပြီးရင် နံပါတ် 1 ပြထားတဲ့အတိုင်း Edit ကိုနှိပ်လိုက်ရင် ကျလာတဲ့ဘောက်ကနေ Transform
ကနေ နောက်ထပ်ပေါ်လာတဲ့ဘောက်ဆီကနေ အောက်ဆုံးက Flip Vertical ကိုနှိပ်ပါ။
ပုံ ၉....။ ပေါ်လာတဲ့ပုံလေးကို နံပါတ် 1 ပြထားတဲ့အတိုင်း Move Tool (V) ကိုနှိပ်ပါ။ နံပါတ် 2 ပြထားတဲ့
အတိုင်းအောက်ကိုဖိဆွဲသွားပါ။ နံပါတ် 3 ကတော့ သူ့ရဲ့အရောင်တန်ဖိုး လျှော့ချလိုက်ပါ။ကျွန်တော်ကတော့
27 လောက်ထားလိုက်တယ်။
ပုံ ၁၀...။။ ပြီးရင် နောက်ခံကာလာလေးပြောင်းဖို့အတွက်နံပါတ် 1 ပြထားတဲ့အတိုင်း ဘတ်ဂရောင်းလေယာကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် နံပါတ် 2 ပြထားတဲ့အတိုင်း Filter ကိုနှိပ်လိုက်ရင်
ကျလာတဲ့ဘောက်ကနေ Render ပေါ်မောက်စ်တင်လိုက် ထပ်ပေါ်လာတဲ့ ဘောက်ကနေ Lighting Effects
ကိုနှိပ်လိုက်ပါ။
ပုံ ၁၁ ...။။ ကျလာတဲ့ဘောက်ကနေ နံပါတ် 1 ပြထားတဲ့နေရာကနေ နံပါတ် 2 ပြထားတဲ့နေရာထိ
မောက်စ် ကိုဖိဆွဲသွားလိုက်ပါ။ အကျဉ်းအကျယ်ကိုလည်း လိုသလိုရွေ့နိုင်ပါတယ်။ပြီးရင် Ok ပေါ့။
ပုံ ၁၂...။ ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ ပုံလေးထွက်ပေါ်လာမှာပါ။ ဘေးကစာကတော့ Horizontal Tool
ကိုယူပြီး မိမိရေးချင်တာရေးလိုက်ပါ။ ပြီးရင် နံပါတ် 2 ပြထားတဲ့အတိုင်း အရောင် Styles ထဲကကြိုက်ရာ
ကာလာတစ်ခုခုကိုနှိပ်လိုက်ရင်ရပါပြီး။
သူငယ်ချင်းတို့ဖိုတိုရှော့စ်နည်းပညာတစ်ခုတိုးသွားရင်ကျေနပ်ပါပြီ။သိသလောက်လေး
မျှဝေပေးတာပါ။အမှားပါရင်ခွင့်လွှတ်ပါ။
အခုပြတဲ့ Tutorial လေးကို ဗီဒီယိုဖိုင်အဖြစ်နဲ့ပြန်ပြီးရှင်းပြပေးထားပါတယ်လိုချင်ရင်တော့
အောက်မှာအဆင်ပြေမဲ့လင့်ကနေဒေါင်းလိုက်ပါ။ 9 MB။
Movie Photoshop Tutorial >> Filecould | Zippyshare | Dropbox
























0Awesome Comments!