0
11:55AM
YangontharTeamViewer ဆိုတာ အင်တာနက်ကွန်နရှင်ထဲမှာရှိနေပါစေ နိုင်ငံတွေခြားနေလည်း ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးကို ပြုပြင်ထိန်းသိမ်းပေးလို့ရတဲ့ software လေးပါ။
ဒါဆို အပေါ်က ပုံအတိုင်းပေါ်လာပြီး ခဏနေရင် Your ID ဆိုတဲ့နေရာမှာ ဂဏန်းလေးတွေပေါ်လာမယ်။ ဥပမာ - password 123 456 789 ဆိုတဲ့နေရာမှာလည်း ဂဏန်းလေးတွေပေါ်လာမယ်၊ ဥပမာ - 7850 အဲ့အတိုင်းပေါ်လာပြီဆိုရင်တော့ ကိုယ်နဲ့ဆက်သွယ်မယ့် သူငယ်ချင်းကိုလည်း သူ့ဆီမှာလည်း Your ID တို့ Password တို့မှာ ဂဏန်းလေးတွေပေါ်လာပြီဆိုရင် Your ID နဲ့ Password ကိုတောင်းပါ။ ရပီဆိုရင် သူငယ်ချင်းကပေးတဲ့ Your ID ဆိုတဲ့ ဂဏန်းကို Partner ID မှာထည့်ပြီး Connect to Partner ကိုနှိပ်ပါ။
ဒါမျိုးလေး Password တောင်းတဲ့ box ပေါ်လာရင် သူငယ်ချင်းဆီက တောင်းထားတဲ့ Password က ဂဏန်းကိုဖြည့်ပါ။ပြီးရင် Log On ကိုနှိပ်ပါ။ အခုဆိုရင် ရပါပီ။ ကိုယ့်သူငယ်ချင်းရဲ့ ကွန်ပျုတာ Screen က ကိုယ့်ကွန်ပျုတာမှ ပေါ်လာပြီး သူငယ်ချင်းရဲ့ ကွန်ပျုတာမှာဖြစ်နေတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာ၊ နည်းပညာအခက်အခဲတွေကို ကူညီပေးနိုင်ပါပြီ။












0Awesome Comments!