0
9:55PM
Yangonthar ပထမဆုံး software ကိုဒေါင်းပြီးတော့ nero 7 portable ဆိုတာကလေးကို ဖွင့်လိုက်ပါခင်ဗျာ ..
ပြီးရင်တော့ ကိုယ်လုပ်မယ့် အမည်ကိုရွေးပေးပြီးတော့ New ဆိုတာကလေးကိုနှိပ်လိုက်ပါခင်ဗျာ ...
နောက်တစ်ဆင့်အနေနဲ့ကတော့ ကိုယ့်လုပ်မယ့် ဖိုင်တွေကို ညာဘက်ကနေပြီးတော့ရွေးပြီးတော့ထည့်လိုက်ပါ ..ပြီးရင်တော့ အပေါ်က burn ဆိုတာကလေးကိုနှိပ်လိုက်ပါခင်ဗျာ ...
ပြီးသွားရင်တော့ နောက်ထပ်လုပ်ရမယ့်တစ်ဆင့်ကိုရောက်လာပါပြီ ..
အဲဒီ့မှာ အောက်ကပုံကလေးမှာကြည့်ကြည့်ပါခင်ဗျာ ..
write speed ဆိုတာမှာတော့ ကိုယ်ကြိုက်သလောက် speed ကိုထည့်ပြီးတော့ burn နိုင်ပါတယ် ..
နည်းလေကောင်းလေလို့ကျွန်တော်ကတော့ထင်ပါတယ် ခင်ဗျာ ..
ပြီးရင်တော့ အောက်က Use multiple recorder ဆိုတာကလေးကို အမှန်ခြစ်ကလေးပေးလိုက်ပါခင်ဗျာ ..
့ပြီးရင်တော့ Burn ပေါ့.. နှိပ်လိုက်ရင်တော့ နောက်ပုံကလေးတွေကိုတွေ့ရမှာပါ ...
အောက်မှာ ပုံကလေးတွေနဲ့ Software ကလေးကိုကြည့်ပြီးတော့ယူလိုက်ပါခင်ဗျာ ..
Nero 7 ကိုတော့ အောက်မှာယူလိုက်ပါခင်ဗျာ ..... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ...
| Download link | Nero 7 portable (Multi) |
| Nero 7 portable(I file ) |
ပထမဆုံး ကိုယ်ကူးမယ့်ခွေကို Drive ထဲကိုထည့်လိုက်ပါခင်ဗျာ .. ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Copy CD ဆိုတာကို နှိပ်လိုက်ပါ .. နှိပ်လိုက်ရင်တော့ ညာဘက်ဘေးမှာ ကိုယ်ကူးချင်သလောက် နံပါတ်ကို
ရိုက်ထည့်လိုက်ပါခင်ဗျာ . နောက်ထပ် ဘယ်နှခွေကို Burn မလဲ .. ၅ ခွေလား ၆ခွေလား ကြိုက်သလောက်ရိုက်ထည့်လိုက်ပါ .. ပြီးရင်တော့ CD / DVD Drive ကို နှစ်ခုသုံးမယ်ဆိုရင်တော့ အောက်မှာ use multiple recorder ဆိုတာမှာ check ပေးလိုက်ပါခင်ဗျာ ...
ပထမတစ်ခုအတွက်ပုံပါ ...
ပြီးရင်တော့ COPY ဆိုတာကလေးကိုနှိပ်လိုက်ပါ .. အဲဒါဆိုရင် အောက်ကပုံမှာလို CD ကို Copy လုပ်နေပါလိမ့်မယ် ....
Copy လုပ်ပြီးသွားပြီဆိုရင်တော့ နဂို မူရင်း CD ခွေကထွက်သွားပြီးတော့ အောက်ကပုံကလေးမှာလိုပဲ သူက နောက်ထပ် ခွေအလွတ်ကို ထည့်ခိုင်းပါ့မယ် ... အဲဒါဆိုရင်တော့ ခွေအလွတ်ကို ထည့်ပေးလိုက်ပါခင်ဗျာ .. အဲဒါဆိုရင် သူ့ဘာသာသူ ပဲ Burn သွားပါလိမ့်မယ် .. Drive နှစ်ခုဆိုရင်လည်း အဲလိုပါပဲ ရပါတယ် ..
အဆင်မပြေခဲ့ဘူးဆိုရင်လည်း မန့် ခဲ့ပါဦး .... အဆင်ပြေတယ်ဆိုရင်လည်း မန့် ခဲ့ပါဦးခင်ဗျာ ... ကျေးဇူးတင်ပါတယ် ...... DVD ဆိုရင်တော့ DVD COPY ပေါ့နော် ... :) :)











0Awesome Comments!