0
10:55PM
Yangonthar ဟဲ..အတတ်ကြီးတော့မဟုတ်ပါဘူး..မသိသေးသူများအတွက်ပါ..တခါတရံ USB drive ထိုးထားသော်လည်း
ဘာမှတတ်မလာတာတွေ့ရတတ်ပါတယ်.My Computer ထဲမှာရှာကြည့်တော့လည်း ပျောက်နေပြန်ရော....
အဲဒီအခါ ဒီလိုလေးလုပ်ကြည့်ပါ..My Computer ပေါ်မှာ Rright Click နှိပ် ပြီးရင် Manage...

ပြီးတော့ Storage အောက်က Disk Management နှိပ်....

အဲဒီအခါ ညာဘက်ခြမ်းမှာမိမိ computer နဲ့ဆက်သွယ်ထားတဲ့ drive တွေအားလုံးတွေ့ရမှာပါ..

ပြီးရင် မိမိလိုချင်တဲ့ drive ပေါ်မှာ Right Click နှိပ် Change Drive Letter and Paths...ကိုရွေး
ပြီးတော့ Change ပေါ့..

အဲဒီအခါ မှာ drive letter ကိုရွေးရပါမယ်..ပုံမှာပြထားတဲ့အတိုင်း F ကိုရွေးလိုက်ပါ

ပြီးရင် OK နှိပ်...ပြီးတော့ ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် Yes ကိုရွေးလိုက်ပါ..

အဲဒါဆို ရင်ရပါပြီ...အားလုံးအဆင်ပြေကြပါစေ...http://www.howtogeek.com မှ

0Awesome Comments!