0
9:25PM
YangontharHeader Image တစ်ခု ပြုလုပ်ဖို့အတွက် ကိုယ့်စက်ထဲမှာ အနည်းဆုံး Photo Shop CS2 လောက်တော့ ရှိသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်အများစုကတော့ CS3 ကို တင်ပေးထားတတ်ပါတယ်။ CS2 ပဲဖြစ်ဖြစ် CS3 ပဲဖြစ်ဖြစ် 4 , 5 ပဲဖြစ်ဖြစ် အားလုံးဟာ နေရာအထားအသိုချင်း မတူကြပေမယ့်လည်း အသုံးပြုပုံကတော့ အတူတူပါပဲ။
ပထမဆုံး Header Image တစ်ခု ဖန်တီးဖို့အတွက် Photo Shop icon လေးကို နှိပ်ပြီး ဖွင့်လိုက်ကြရအောင်။
ကျနော်က CS 5 နဲ့ နမူနာပုံတွေ ပြထားပေးမှာ ဖြစ်တဲ့အတွက် ပုံသဏ္ဍာန်ချင်းမတူခဲ့လျှင် ဖြည့်စွက် နားလည်ပေးကြပါ။
၁။ Photo Shop ဖိုင် ပွင့်လာပြီဆိုရင် Menu Bar ထဲမှာ ရှိတဲ့ File >> New ကို ကလစ်လိုက်ပါ။ အောက်ပါပုံအတိုင်း Box တွေ့ရပါလိမ့်မယ်။ ထိုအထဲမှာ Widthး = 950 , Hightး = 250 , pixels , Resolutionး = 72 , Color Modeး = RGB , 8 bit , Background Contentsး = Transparent တို့ကို ရွေးချယ် ထည့်သွင်းပေးပြီး OK ကို နှိပ်ပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ Layer တစ်ခု ရောက်လာပါပြီ။ ကိုယ်ရွေးချယ်ထားမှု မှန်မမှန် ပြန်လည်စစ်ဆေးချင်တယ် ဆိုရင်တော့ Ctrl + Alt + I ကို ခေါက်ကြည့်လိုက်ပါ။ သေချာပြီဆိုရင် ဒီပေါ်မှာ ကျနော်တို့ Header Image တစ်ခု ဆက်လက် တည်ဆောက်ကြပါမယ်။
၂။ Layer ပေါ်မှာ အရောင်တစ်ခု စတင်ပြုလုပ်ပါမယ်။ Tool Box ထဲက Rectangle Tool ကို ရွေးလိုက်ပါ။ ကီးဘုတ်ထဲက U ကို ခေါက်ပြီးလည်း ရွေးနိုင်ပါတယ်။ ပြီးရင် Color နေရာကိုနှိပ်ပြီး ကိုယ်အသုံးပြုမယ့် အရောင်ကို ရွေးချယ်ပါ။ စိတ်ကြိုက်အရောင် ရပြီဆိုရင် Layer ပေါ်မှာ Mouse ကို Drag ဆွဲချလိုက်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Layer ပေါ်ကို ကိုယ်လိုချင်တဲ့ Background အရောင်တစ်ခု ရောက်လာပါပြီ။
ဒီအရောင်ချည်းသက်သက်က ကဗျာမဆန်ဘူး။ ဒီ့ထက်ပိုလှချင်တယ်ဆိုရင် V ကိုခေါက်လိုက်ပါ။ Move Tool ကို အလိုအလျောက် ရွေးချယ်ပြီးသားဖြစ်ပါမယ်။ ပြီးရင် Layer >> Layer Style >> Satin ကိုကလစ်လိုက်ပါ။ Box တစ်ခု ကျလာပါမယ်။ အဲဒီထဲမှာ ကျနော်ဝိုင်းပြထားတဲ့ အတိုင်းရွေးချယ်ပြီး OK ပေးလိုက်ပါ။ ပိုမိုလှပတဲ့ အောက်ခံအရောင်တစ်ခု ရရှိသွားပါပြီ။
ထိုစာလုံးတွေရဲ့ အရွယ်အစားကို မကြိုက်သေးဘူးဆိုရင် Ctrl + T ကိုကလစ်ပြီး Enter ခေါက်ကာ ချုံ့နိုင်ချဲ့နိုင်ပါတယ်။ နောက်ထပ် ဒီစာကြောင်းကို ရုပ်လုံးကြွလာအောင် ပြုပြင်နိုင်ပါသေးတယ်။ ပုံပါအတိုင်း Move Tool >> Layer >> Layer Style >> Drop Shadow , Inner Shadow …. စသည်ဖြင့် အဆင့်ဆင့် စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။
၎။ Layer ပေါ်မှာ စာကြောင်းအပြင် ပုံထပ်ထည့်ချင်တဲ့အခါ File >> Open >> မိမိစက်ထဲက ပုံကို ရွေးချယ်ပါ။ ဥပမာ အောက်ကပုံလေးဆိုပါစို့။
ဒီပုံဟာ နောက်ခံအဖြူရောင်ပါနေတဲ့အတွက် အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် E ကိုခေါက်လိုက်ပါ။ ပြီးတော့ Magic Eraser Tool ကိုရွေးချယ်ပြီး အဖြူရောင်ပေါ်မှာ ကလစ်လိုက်ပါ။ အဖြူရောင်အားလုံး ပျောက်သွားပါလိမ့်မယ်။ ဒီနေရာမှာ Opacity နဲ့ Flow ဟာ 100% ဖြစ်ဖို့လိုပါတယ်။ ဒါမှ အားလုံးပျောက်နိုင်မှာပါ။ ဒီနည်းအတိုင်း မလိုအပ်တဲ့ အရောင်တွေကို ဖျက်နိုင်ပါတယ်။ ကျန်ခဲ့ခြင်းရှိမရှိ ပြန်ကြည့်လိုပါက (Ctrl) + (+) ကိုကလစ်ပြီး ပုံကိုချဲ့ကြည့်လိုက်ပါ။ Space Bar ကို ဖိနှိပ်ထားရင် Mouse ဟာ လက်ပုံသဏ္ဍာန် တွေ့ရပါမယ်။ ပုံကို ဝဲ ယာ အထက် အောက် ရွှေ့ကစား ကြည့်ရှုဖို့ သုံးနိုင်ပါတယ်။ ဖျက်စရာလိုလျင် ထပ်မံဖျက်လိုက်ပါ။
အထက်ပါလိုဂိုပုံလေးကို Move Tool နဲ့ ရွှေ့ထည့်လိုက်ရင် ရောက်ပါပြီ။ ချုံ့ချင်ချဲ့ချင်တယ်ဆိုရင်တော့ စောစောကပြောခဲ့သလို Ctrl + T နဲ့ ပြုပြင်နိုင်ပါတယ်။
ရွှေတို့ရေ .. အခုဆိုရင် Header Image တစ်ခု အကြမ်းဖြင်းအားဖြင့် ရရှိသွားပါပြီ။ ဘာတွေထပ်ထည့်ချင်တယ်။ ဘာတွေထပ်လုပ်ချင်တယ်ဆိုတာကတော့ မိတ်ဆွေတို့ အပိုင်းပေါ့နော်။
ကဲ …
ဒီနည်းအတိုင်း Header Image လေးတွေ ဖန်တီးပြီး ရွှေမှာ ပြိုင်ပွဲဝင်ပါစို့လားဗျာ ….
ရွှေအပေါင်း လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေသော်ဝ် …











0Awesome Comments!