Folder တွေ File တွေကို ဘယ်ကွန်ပျူတာမှာမှ ကြည့်လို့မရအောင် ဖျောက်ထားချင်ရင်

0
8:25PM Yangonthar
WinMend ဆိုတာ ကတော့ ကျွန်တော်တို့ တွေ ရဲ့ USB Pen Drive တွေကို တစ်ခြားသူတွေ သုံးတဲ့ အခါ မှာ သူတို့ကို
မမြင်စေချင်တဲ့ Folder တွေ ၊ File တွေကို ၀ှက်ထားဖို့ အတွက် သုံးလို့ ရတဲ့ Free Tool သေးသေးလေးပါ။ ဒါလေးက
ကျွန်တော် တို့ရဲ့Computer မှာ သာမက Removable Drive မှာပါ File တွေ ၊ Folder တွေကိုဝှက်ဖို့လည်း အရမ်းကို
ကောင်းပါတယ်။



ဒီ Application လေးမှာ ရိုးရှင်းတဲ့ ဒီလို Interfaceလေးပဲပါလို့ သုံးရတာလည်း အရမ်းအဆင်ပြေပါတယ်။
ပိုပြီးတော့ အကြိုက်တွေ့စေတဲ့ အချက်ကတော့ ဒီ Tool လေးနဲ့ ၀ှက်ထားတဲ့ File တွေရှိတဲ့ USB Drive ကို
တစ်ခြား Operating System မှာ ဒါမဟုတ် တစ်ခြား Computer မှာ သုံးရင်လည်း
လုံးဝကို ယုံကြည်စိတ်ချရစွာ ကို ၀ှက်ထားပေးပါတယ်။
ဘယ်စက်မှာမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။


ဒီ Tool လေးကို သုံးပြီး File တွေ၊ Folder တွေ ဖျောက်ဖို့ကတော့ ပထမဆုံး Password ပေးရမှာပါ။

ပြန်ဖွင့်ချင်ရင် သူ့ရဲ့ Shortcut လေးကို နှိပ်လိုက်ပီး Password နှိပ်ပီးတာနဲ့
ဝှက်ထားတဲ့နေရာလေးကို Browse လုပ်ပါ။ ပြီးရင် Unhide လုပ်ရုံပါ။


သုံးရတာလည်း လွယ်ကူပြီး ဒီလို ရိုးရှင်းတဲ့ Window လေးနဲ့မို့ ဒီ Free Utility လေးနဲ့
ကိုတို့ ရဲ့ File တွေ Folder တွေကိုဝှက်ထားလိုက်ကြရအောင်….

သုံးရတာ အရမ်းအဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်...
လိုချင်ရင်တော့ဒီမှာယူပါ…
အားလုံးအဆင်ပြေကြပါစေ..
မျိုးကိုကို