0
10:15PM
YangontharWindow 7 ကွန်ပျူတာတွေမှာ Theme အသစ်တွေ Install လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်
ရှိနေပီးသားတွေကို တစ်ခု နဲ့ တစ်ခု ချိန်းလိုက်တဲ့ အခါ ပဲ ဖြစ်ဖြစ် အဲဒီလို အကူးအပြောင်းမှာ
Desktop ပေါ်က Folder တွေ ၊ File တွေမှာ မြန်မာလို ရိုက်လို့ မရ၊ နာမည် ပေးလို့
မရတော့ပါဘူး။ လွယ်ကူစွာနဲ့ လူတိုင်းလုပ်ဆောင်နိုင်ကြပေမယ့် မကြာမကြာ မေးကြတဲ့
သယ်ချင်းတစ်ချို့ နဲ့ မသိသေးသူတွေ အတွက် ပြန်ရေးကြည့်ထားတာလေးပါ။
အဲဒီလို Desktop ပေါ်က File တွေ ၊ Folder တွေမှာ မြန်မာ လို မပေါ်ရင် ၊ Theme
အပြောင်းအလဲ ကြောင့် အရင်က ရေးလို့ ရနေပီး မရတော့လို့ ပြန်ပြောင်းချင်ရင် ဒီနည်းလေးကို
1. Desktop ပေါ်မှာ Right Click နှိပ်ပီး Personalize ကို ရွေးပါ။
2. ပုံမှာ ပြထားသလို Window Color ကို ရွေးပါ။
3. ဒီလို Window လေးကျလာပီဆိုရင် ပုံမှာ ပြထားတဲ့အတိုင်း Item နေရာမှာ
Icon နဲ့ Font နေရာမှာ Zawgyi ကို ပြောင်းပေးလိုက်ပါ။
Folder Icon ရဲ့ အရွယ်အစားနဲ့ Font Size တွေကိုလည်း
တစ်ခါတည်းပြောင်းနိုင်ပါတယ်။
ဒီလို မြန်မာ Font ကိုပြန်ချိန်း ဖို့အတွက် နောက်ဆုံး ပြင်ဆင်ခွင့် ရှိတဲ့
Window လေးကို Run Box ကနေ သွားမယ်ဆိုရင် လည်း လွယ်ကူမြန်ဆန် စေပါတယ်။
လုပ်ကြည့်ချင်ရင်
1. Win Key + R ကိုနှိပ်လိုက်ပီး Control Color လို့ ရိုက်ထည့်ပီး
OK လိုက်ရင်လည်း ကျွန်တော်တို့ရဲ့ နောက်ဆုံး ပြင်ဆင်ခွင့်ရှိတဲ့
Destination လေးကို ရောက်ရှိနိုင်ပါတယ်။
မသိသေးသူများအတွက်သာ
အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို



Posted in:








0Awesome Comments!