0
Gtalk နဲ့ မရသေးပါဘူး။ 12 Nov 2008 (ဒီနေ့) ကနေစပြီး Gmail ကို Voice and Chat သုံးနိုင်ပြီဖြစ်ပါတယ်။ အောက်ကလင့်မှာတော့ plug-in တစ်ခု ဒေါင်းလုပ်လုပ်ရပါတယ်။
www.gmail.com/videochat
အဲဒီမှာ ဒေါင်းပြီး run လိုက်ပါ။ ပြီးရင် Browser ဖွင့်ပြီး Gmail sidn in ၀င်လိုက်ပါ။ Firefox မှာ ဆိုရင်တော့ Gmail ရဲ့ Chat နေရာမှာ အောက်ပါအတိုင်း မိမိ nick နေရာမှာ camera ပုံပေါ်နေပါပြီ။

IE ကတော့ မပေါ်သေးပါဘူး။
အနီနဲ့ရေးသမျှ IE အတွက်ဖြစ်ပါတယ်။ Firefox အတွက် ဘာမှလုပ်စရာမလိုပါဘူး။ မိမိပြောချင်တဲ့ တစ်ယောက်ရဲ့ နစ်ကို နှိပ်လိုက်ရင် chat window ပေါ်ပါတယ်။ Video & more ကို နှိပ်လိုက်ပါ။

Add Vice/video chat ကို နှိပ်လိုက်ပါ။

အောက်ပါအတိုင်း click here ဆိုတာလေး နှိပ်ပေးပြီး Flash plugin တစ်ခု Install လုပ်ပေးရပါတယ်။

မိမိမှာ Video plugin run ထားပြီးတဲ့ လူကို အောက်ပါအတိုင်း icon အ၀ိုင်းနေရာမှာ video ပုံအဖြစ်မြင်ရပါတယ်။

Gmail က chat နေကျ အတိုင်းပဲ နှိပ်ပြီး အောက်ဆုံးက Video & more ကို နှိပ်လိုက်ပါ။

တကယ်လို့ plug in မ run ရသေးတဲ့လူ ကို chat တာ ဆိုရင် အောက်ပါအတိုင်းပေါ်ပါတယ်။

plug in run ထားပြီးသားလူဆိုရင်တော့ Start video chat ကို နှိပ်ပြီးခေါ်ရုံပါပဲ။

Gtalk ရဲ့ ring tone အတိုင်းပဲ ဟိုဘက်မှာ သွားပေါ်ပါတယ်။

ကောင်းတယ်ပဲ ပြောရမှာပေါ့။ VZO နဲ့ ယှဉ်လိုက်ရင် အသံ က Gtalk အတိုင်းပဲ တိုက်ရိုက်ကြားတယ် တော်တော်လည်းကြည်ပါတယ်။ (vzo သုံးနေကျလူတွေပါ ပြောစရာမလိုပါဘူး။ သိကြပါတယ်။ )နောက်ပြီး တပ်ထားတဲ့ webcam က driver ကို run ထားပြီးသား ဆိုတာနဲ့ vzo လို တစ်ခါတပ် တစ်ခါ setting မှာ ၀င်ပြောင်းပေးနေစရာ မလိုပဲ အလိုလိုသိပါတယ်။ webcam တပ် chat ရုံပါပဲ။
နောက်တစ်ခုက ကျနော်က Invisible လုပ်ထားတယ်ဗျာ။ အဲဒါဆိုရင်တော့ video icon မဟုတ်တော့ပဲ ရိုးရိုး invisible icon ဖြစ်သွားပါမယ်။

ကျနော်က အခြား online ရှိနေတဲ့ (invisible မဟုတ်တဲ့) သူငယ်ချင်းတစ်ယောက်ကို video chat ရော voice chat ရော ခေါ်ပြီး ပြောနိုင်ပေမယ့်။ Invisible လုပ်ထားတဲ့ ကျနော့်ကို သူပြန်ခေါ်ရင်တော့ ထုံးစံအတိုင်း chat မဖြစ်ပဲ compose mail ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒီပို့စ်က လာမေးနေကြဦးမှာပဲ ဆိုပြီး ရေးလိုက်တာပါ။ အထူးအဆန်း မဟုတ်ပါဘူး။ Gmail ကို ၀င်လိုက်တာနဲ့ သိသွားမှာပါ။ အားလုံး မျှော်လင့်နေကြတဲ့ Google ကတော့ video chat ရသွားပါပြီ။ မကြာခင်မှာပဲ Gtalk မှာ သုံးဖို့ version အသစ်ထုတ်ပေးမယ်လို့ ထင်ပါတယ်။
ကျနော်တော့ တော်တော် ပျော်သွားပါတယ်။ ရုပ်ရယ် အသံရယ် တစ်ပြိုင်တည်း ကြည့်ရတော့မယ်လေ။ vzo လိုတော့ video record လွယ်လွယ်လုပ်လို့ မရသေးဘူးပေါ့။ လိုချင်ရင်တော့ video capture ဖမ်းမှပဲ ရမှာ။(ကိုသံလုံငယ်မှတဆင့်တင်ပြသည်)

0Awesome Comments!